1. Home
  2. Movie Stars - Celebrity

အခြေခံလူတန်းစားများအားလှူဒါန်းဖို့ ဧရာနှင့်ကျော်ထူးတို့ဆီက ထီလက်မှတ်နှင့်ဆန်များ ဝယ်ယူအားပေးခဲ့တဲ့ ယုန်လေး

Movie Stars - Celebrity ส.ค. 25, 2563 view 1,582

အဆိုတော်ယုန်လေးက စက်တင်ဘာလမှာကျရောက်မည့် သူ၏မွေးလအတွက်ရည်စူးပြီး အလှူကြီးတစ်ခုကိုပြုလုပ်ရန်ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ယုန်လေးက စျေးရောင်းပြီးရှာဖွေစားသောက်နေရသော သက်ကြီးရွယ်အိုများနှင့် အခြေခံလက်လုပ်လက်စားသမားများ အယောက် (၅၀၀) အား ကူညီလှူဒါန်းပေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ထိုအခြေခံလူတန်းစားများအား လှူဒါန်းဖို့အတွက် စားဝတ်နေရေးအခက်အခဲကြောင့် ထီရောင်းနေရတဲ့ ဦးဧရာဆီမှ ထီအစောင်ရေ ၁၅၀၀ နှင့် ဆန်ရောင်းနေတဲ့ ကိုကျော်ထူးဆီမှ ဆန် ၃ ပြည်ပါဝင်တဲ့ ဆန်အိတ် ၅၀၀ ကို ဝယ်ယူအားပေးခဲ့တယ်လို့ သိရပါတယ်။

ကျော်ထူးနှင့် ဧရာတို့ဆီမှ ဝယ်ယူထားသော ထီနှင့်ဆန်များကိုတော့ တစ်ယောက်လျှင် ထီ ၃ စောင်နှင့် ဆန် ၃ ပြည်ပါ ဆန်အိတ်တစ်အိတ်ကို လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူကူညီလှူဒါန်းပေးမည့်သူများ ထီပေါက်ကြဖို့အတွက်လည်း အဓိဌာန်ဝင်ပေးသွားမယ်လို့ ဆိုပါတယ်။

“28,29 ရက်နေ့ အလှူအတွက် ကိုဧရာဆီက လူအယောက် ၅၀၀စာ တစ်ယောက် ၃ စောင်နူန်းနဲ့ ထီလက်မှတ် အစောင်ရေ ၁၅၀၀၊ ကိုကျော်ထူးဆီက ဆန် ၃ပြည်အိတ် လူအယောက် ၅၀၀စာ အိတ် ၅၀၀ အားပေးခဲ့ပါပြီ။ ကျန်တာတွေ ထပ်စီစဉ်နေပါသေးတယ်.. အလှူရှင်ထပ်တိုးရင် အရေတွက်ထပ်တိုးပါမယ်.. ထီတွေပေါက်ရင်တော့ အရမ်းပျော်ဖို့ကောင်းသွားပြီ.. ထီတွေပေါက်ကျဖို့ ဗုဒ္ဓဟူးနေ့ အဓိဌာန်ဝင်ပါမယ်ခင်များ . . အားလုံး ဝိုင်းဆုတောင်းပေးကြပါဦး” ဆိုကာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားအသိပေးထားပါတယ်။

ယုန်လေးကတော့ သူ့ရဲ့မွေးလအတွက်ရည်ရွယ်ကာ အခြေခံလူတန်းစား အယောက် (၅၀၀) အား မွေးနေ့အကြိုအဖြစ်လှူဒါန်းပေးသွားမှာဖြစ်ပြီး စက်တင်ဘာလ (၁၃) ရက်နေ့မှာ ကျရောက်မည့် မွေးနေ့မှာတော့ ဘာသာကြီး လေးခုမှ ပြည်သူများအား လှူဒါန်းမှုတွေပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

(ပိုပိုလေး)



Follow us on