1. Home
  2. Myanmar News

စစ်တွေတက္ကသိုလ်ကိုယာယီဆေးရုံပြုလုပ်ရန်စီစဉ်နေ

Myanmar News ส.ค. 31, 2563 view 1,595

စစ်တွေမြို့မှာ COVID-19ပိုးတွေ့လူနာတွေများလာတဲ့အတွက် စစ်တွေတက္ကသိုလ်ကို ယာယီဆေးရုံလုပ်ပြီး လူနာတွေထားရှိဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာကပြောပါတယ်။ ဩဂုတ်(၃၀)ရက်က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အတွက် Videoconferencing စနစ် ဆွေးနွေးပွဲမှာ ဒေါက်တာချမ်းသာက အခုလိုပြောကြားလိုက်တာပါ။

လက်ရှိစစ်တွေမြို့မှာ COVID-19 လူနာတွေကို စစ်တွေပြည်သူ့ဆေးရုံကြီးမှာသာမက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနဲ့ တိုင်းရင်းဆေးရုံတွေမှာပါ ထားရှိကုသနေရတယ်လို့ ဒေါက်တာချမ်းသာက ပြောပါတယ်။ စစ်တွေတက္ကသိုလ်ကိုလည်း ယာယီဆေးရုံပြုလုပ်ဖို့ စီစဉ်နေသလို လိုအပ်ရင် ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦးကိုပါ ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ လျာထားတယ်လို့ ဒေါက်တာချမ်းသာက ဆိုပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေအတွက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနဲ့ မောင်တောမြို့နယ်တွေမှာ GeneXpert စက်တွေတပ်ဆင်ထားပြီး ဓာတ်ခွဲနမူနာတွေကို စစ်ဆေးနေတယ်လို့ ဒေါက်တာချမ်းသာက ပြောပါတယ်၊၊ လက်ရှိမှာ ဩဂုတ်(၃၀)ရက်၊ ည(၈)နာရီအထိ COVID-19အတည်ပြုလူနာ(၇၇၅)ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ(၃၅၂)ဦးရှိပါတယ်။

One News

#popolay #popolaytv #news #စစ်တွေ #ရခိုင်



Follow us on