1. Home
  2. Myanmar News

မိုးကုတ်တွင် မြေသားနံရံပြိုကျ၍ အမျိုးသမီး ၁ ဦး သေဆုံးခဲ့

Myanmar News ก.ย. 16, 2563 view 1,673

ယနေ့ ၁၆.၉.၂၀၂၀.ရက်နေ့၊ ၀၇ ၀၀အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေကူ(၁၈)ရပ်တွင် မြေသားနံရံပြိုကျ၍ လူတစ်ဦးပိမိနေကြောင်းသတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၈ ၀၀အချိန်တွင် ပိမိနေသူ မ(၁)ဦး (သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး မြတ်စေတနာလူမှုကူညီရေး အသင်းပိုင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရှိရပါသည်။

Source : MFSD



Follow us on