1. Home
  2. Myanmar News

ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးတွင် (Isolation Ward) သီးသန့်ကုသဆောင်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိ

Myanmar News ก.ย. 16, 2563 view 1,631

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ယခင်လူနာဆောင် အချို့အား နေရာပြောင်းခြင်း၊ ward များ ပေါင်းခြင်းများ ပြုလုပ်လျက်ရှိပြီး သီးသန့်ကုသဆောင်များ (Isolation Ward) များအား ထပ်မံတိုးချဲ့ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သီးသန့်အဆောင်များတွင် (၁၀) ဦးဆံ့ သီးသန့်ကုသဆောင် (Isolation 1) တွင် covid-19 Positive လူနာအားထားရှိပြီး၊ (၈) ဦးဆံ့ သီးသန့်ကုသဆောင် (Isolation 2)၊ (၃၂) ဦးဆံ့ သီးသန့် ကုသဆောင် (Isolation 3 )၊ စုစုပေါင်း သီးသန့်ကုသဆောင် (၃) ဆောင်တွင် လူဉီးရေ (၅၀) ခန့်အား ကုသမှုခံယူနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ (၈) ဦး ခန့် ထားရှိနိုင်သော သီးသန့်ကုသဆောင် (၁) ဆောင် (Isolation ward 4) အား စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ရာ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆက်စပ်ကိစ္စရပ်များနှင့် contact ရှာဖွေရေးများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်ဆုမွန်(ပြန်ဆက်)



Follow us on