1. Home
  2. Myanmar News

Music Zone ပိုင်ရှင်ကို ဆိုင်စဖွင့်ကတည်းကသိရှိထားကြောင်းနှင့်တရားစွဲရန်အတွက်လည်းစီစဉ်နေဟုဆို

Myanmar News ก.ย. 18, 2563 view 1,558

လူမှုကွန်ရက်စာမျက်နှာများတွင် ပိုင်ရှင်မဲ့ဖြစ်နေကြောင်း ပြောဆိုနေကြသည့် Music Zone ပိုင်ရှင်ကိစ္စနှင့် ပတ်သက်၍ ယင်း Music Zone ပိုင်ရှင်ဆိုသူကို ဆိုင်စဖွင့်ကတည်းက သိရှိထားကြောင်း နှင့် တရားစွဲရန် အတွက်လည်း စီစဉ်နေကြောင်း ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသန်းက ပြောသည်။

ကိုဗစ်အတည်ပြု လူနာအများအပြားတွေ့ရှိခဲ့ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ KTV ၊ မာဆတ် နှင့် စားသောက်ဆိုင်တို့ တွဲဖွင့်ထားသော Music Zone ပိုင်ရှင်ကို တရားစွဲဆိုသွား ရန်စီစဉ်နေကြောင်းပြောဆိုထားသော်လည်း ယင်းကိစ္စမှာ ကြန့်ကြာနေသောကြောင့် Music Zone မှာ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် အရွှန်းဖောက် ပြောဆိုနေကြခြင်းလည်း ဖြစ်သည်။ ”ပိုင်ရှင်က ရှိပါတယ်။ အရင်တည်းကလည်းရှိပါတယ်။

အဲဒါကိုမသိဘဲနဲ့ ၁၀ နှစ်ကလေးကလည်း Facebook နှိပ်တတ်ရင် လျှောက်တင်နေတာလေ။ အဲဒါတွေကို အတည်ယူလို့တော့ ဘယ်လိုလုပ် ရမလဲ။ တကယ်သိချင်ရင် ကျွန်တော့်ရပ်ကွက်လာမေးလေ။ ပိုင်ရှင်ကရှိတာမှ ဟိုးအရင်ကတည်းကရှိတာ။ ၂၀၁၁ ခုနှစ် စလုပ်ကတည်းကရှိတာပဲ” ဟု ဦးလှသန်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကိုဗစ်အတည်ပြု လူနာအများဆုံးတွေ့ရှိနေရသော သင်္ဃန်းကျွန်းမြို့နယ်တွင် Music Zone တစ်ခုတည်းမှ ဝန်ထမ်း အယောက် ၉၀ ကျော်ထိ ကိုဗစ်ရော ဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယင်းကြောင့် Music Zone ပိုင်ရှင်အား တရားစွဲဆိုရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီမှ စက်တင်ဘာလ ၁၁ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး Music Zone တည်ရှိရာ ဇဝနရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကတရားလို ပြုလုပ်သွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း လည်း သိရသည်။ ” လက်ရှိအခြေအနေက အပေါ်ကိုတင်ပြထားတုန်း ၊ အစီအစဉ်ဆွဲတုန်းပဲ ရှိသေးတယ်။ စွဲတာတော့ စွဲမှာ အခုက လောလောဆယ် ဥပဒေအကြံပေးနဲ့ စီစဉ်နေတုန်း ရှိပါသေးတယ်” ဟု ဦးလှသန်းက ပြောသည်။

မိုင်းစောလွင် (PM)



Follow us on