1. Home
  2. Myanmar News

စင်ကာပူရောက်မြန်မာများကြိုတင်မဲပေး

Myanmar News ต.ค. 01, 2563 view 1,736

စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီကနေ့ အောက်တိုဘာ(၁)ရက်ကစပြီး မြန်မာသံရုံးမှာ ကြိုတင်ဆန္ဒမဲပေးနေပြီဖြစ်ပါတယ်။ မဲပေးရာမှာတော့ Social Distancingအရ တန်းစီစောင့်ဆိုင်းရပြီး ထုတ်ပေးထားတဲ့ နံပါတ်စဉ်စာရွက်အတိုင်း ကိုယ့်နံပါတ်စဉ်အလိုက် မဲပေးရတာဖြစ်တယ်လို့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေရဲ့သတင်းတွေကို ဖော်ပြပေးနေတဲ့ ‘စ’လုံးဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။

တန်းစီရာမှာလည်း ရန်ကုန်တိုင်းဒေသကြီးကတစ်ခြမ်း၊ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကတစ်ခြမ်း တန်းစီစောင့်ဆိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ မဲပေးရာမှာလည်း သံရုံးအဝင်ကိုယ်အပူချိန်တိုင်းတာ၊ နံပါတ်စဉ်စာရွက်မှာပါတဲ့ Barcodeကို Scanဖတ်ပြီး မဲဆန္ဒရှင်မှန်မှန်စိစစ်တာတွေပြုလုပ်ပါတယ်။ ကြိုတင်မဲပေးရမယ့်ရက်ကတော့ အောက်တိုဘာ(၁)ရက်ကနေ (၁၈)ရက်အထိဖြစ်ပြီး မဲပေးရမယ့်နံပါတ်စဉ်အလိုက် မဲပေးရမယ့်နေ့တွေကို သတ်မှတ်ထားပါတယ်။

စင်ကာပူမှာ ကြိုတင်မဲပေးဖို့လျှောက်ထားတဲ့ မြန်မာနိုင်ငံသားသုံးသောင်းကျော်ရှိပြီး မဲပေးခွင့်ရှိသူစာရင်းထဲမှာ မပါသူတွေအနေနဲ့လည်းနဲ့ အောက်တိုဘာ(၄)ရက်နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

One ဓာတ်ပုံ-စလုံး(Fb)



Follow us on