1. Home
  2. Myanmar News

အမေရိကန်တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ ဒေ့ဗ် ဝင်ရောက်ထိုးသတ်မည်

Myanmar News ต.ค. 09, 2563 view 1,760

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် Sparta Wyoming 4 ပြိုင်ပွဲ၏ ရိုးရာလက်ဝှေ့စိန် ခေါ်ပွဲ၌ ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC) ခရူ ဆာဝိတ်တန်း ချန်ပီယံဒေ့ဗ် ဝင် ရောက်ထိုးသတ်မည်ဖြစ်သည်။ Sparta Sports and Entertainment က ကြီးမှူးပြုလုပ် သည့် ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကနေဒါနိုင်ငံသားဒေ့ဗ်နှင့် အမေ ရိကန်နိုင်ငံသား ဆိုင်းရပ်စ်တို့ ရိုးရာလက်ဝှေ့ စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲထိုးသတ်ရန် ဒေ့ဗ်သည် အောက်တိုဘာ ၆ ရက် က တရားဝင် စာချုပ်ချုပ်လိုက် ကြောင်း လူမှုကွန်ရက်တွင် ဖော် ပြထားသည်။ ‘‘မြန်မာနိုင်ငံမှာ မဟုတ်ဘဲ ရိုးရာလက်ဝှေ့ကို ကမ္ဘာက သိဖို့ ဖြစ်လာပါပြီ။ ရိုးရာလက်ဝှေ့ရဲ့ စည်းမျဉ်းအောက်မှာ ထိုးသတ်ဖို့ တရားဝင် စာချုပ်ချုပ်လိုက်ပါပြီ။ ပြိုင်ဘက်ကတော့ အရင်ထိုး သတ်ဖူးတဲ့ အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်နဲ့ ဖြစ်ပါတယ်။ ဒီပွဲမှာ အကောင်းဆုံး ထိုးသတ်နိုင်ဖို့ ပြင် ဆင်ထားပါတယ်’’ ဟု ဒေ့ဗ်က လူမှုကွန်ရက်မှတစ်ဆင့် ပြော ကြားခဲ့သည်။

ဒေ့ဗ်နှင့် ဆိုင်းရပ်စ်တို့သည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၌ကျင်း ပသည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ယင်းပွဲစဉ်၌ ၎င်းတို့နှစ်ဦး ငါးချီအထိ အကြိတ် အနယ် ထိုးသတ်ခဲ့သော်လည်း အရှုံး၊အနိုင်အဖြေမပေါ်ဘဲ ပူးတွဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ ကနေဒါနိုင်ငံသား ဒေ့ဗ် သည် WLC ခရူဆာဝိတ်တန်း ချန်ပီယံတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ပွဲပေါင်း ၁၁ ပွဲ ထိုးသတ် ထားရာ ငါးပွဲနိုင်၊ ခြောက်ပွဲသရေ ကျထားသည်။

ရွှေဘုတ်/7 Day



Follow us on