1. Home
  2. Myanmar News

ကျွန်းစုမြို့နယ်တွင် ငါးဖမ်းလှေ တစ်စီးနစ်မြုပ်

Myanmar News ต.ค. 20, 2563 view 1,763

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့မှာ အောက်တိုဘာလ(၁၉) ရက် မနက်ပိုင်းက ရာသီဥတုဆိုးရွားပြီး လှိုင်းထန်တာကြောင့် ပင်လယ်ငါးဖမ်းလှေတစ်စီးနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ငါးဖမ်းလှေဟာ အောင်မင်္ဂလာ-၅ အမည်ရှိ စက်လှေ တစ်စီးဖြစ်ပြီး ပုလဲကျွန်း အနောက်ဘက်(၂.၆)မိုင်ခန့်အကွာမှာ နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲငါးဖမ်းစက်လှေ နစ်မြုပ်ရာကို တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်က စစ်ရေယာဉ် (၅၆၆)က သွားရောက် ကူညီကယ်ဆယ်ခဲ့ပြီး ငါးဖမ်းစက်လှေပေါ်ပါ လှေသား(၃၉)ဦးထဲက (၃၇)ဦးကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရေယာဉ်က တာဝန်ရှိသူတွေက လှေသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးပြီး ပျောက်ဆုံးနေတဲ့ လှေသား(၂)ဦးကို ရှာဖွေကယ်ဆယ်ရေး ဆက်လက် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

သတင်း- မင်းကျော်စော One News



Follow us on