1. Home
  2. Good Morning Myanmar

ရန်ကုန်တွင် သက်ငယ်မုဒိန်းမှုအများဆုံးဖြစ်နေ

Good Morning Myanmar ต.ค. 12, 2558 view 1,530

ကလေးသူငယ်တွေနဲ့သက်ဆိုင်တဲ့အမှုတွေထဲမှာ အဓမ္မကျင့်ခံရမှုနဲ့လူပျောက်ဆုံးမှုတွေ ကအများဆုံးဖြစ်ပွားနေ ပြီးအမှုဖြစ်ပွားမှုကတော့ ရန်ကုန်မှာသက်ငယ်မုဒိန်းမှု အများဆုံးဖြစ်ပွားနေပြီး မန္တလေးမှာ ဒုတိယနဲ့ဧရာဝတီတိုင်းကတော့ တတိယနေရာမှာရှိနေပါတယ်။မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်၊ အ.ထ.က(၁၆)က ကျောင်းမှာပြုလုပ်ခဲ့တဲ့ကျောင်းသား ကျောင်းသူများပျောက်ဆုံးမှုမဖြစ်ပေါ်ရေးအသိ ပညာဟောပြောပွဲမှာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ကဒါကိုထုတ် ဖော်ပြောကြားလိုက်တာပါ။ပြည်တွင်းမှာအသက် ၁၆ နှစ်မပြည့်သေးသူတွေကိုကလေး သူငယ်အဖြစ်သတ်မှတ်ထားပြီး ကလေးသူငယ် ဥပဒေကို ၁၉၉၃ခုနှစ်ပြဌာန်းထားပါ တယ်။နည်းဥပဒေကိုတော့ ၂၀၀၁ ခုနှစ်မှာ ပြဌာန်းခဲ့ပေမဲ့ကလေးသူငယ်တွေမှာတော့ အကြမ်းဖက်မှုတွေခံနေရဆဲဖြစ်ပြီး မုဒိန်းမှုတွေကိုတော့မြို့ပါတွေမျာထက်ကျေးလက် ဒေသတွေမှာပိုမိုအဖြစ်များတယ်လို ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။



Follow us on