1. Home
  2. Special or Others

PKK သူပုန်တွေကို လေကြောင်းကနေ တူရကီ တိုက်ခိုက်

Special or Others ต.ค. 12, 2558 view 1,824

တူရကီနိုင်ငံ အဲန်ကာရာမြို့တော် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲမှာ ဗုံးပေါက်ကွဲခဲ့ပြီး နောက်တနေ့မှာ ကဒ်လူမျိုး မျိုးနွယ်စု လက်နက်ကိုင် PKK အဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရစစ်တပ်က ပြောပါတယ်။ တူရကီနိုင်ငံ အရှေ့တောင်ဘက်ပိုင်းမှာ သာမကဘဲ အီရတ်မြောက်ပိုင်းက PKK ပစ်မှတ်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စနေနေ့က အဲန်ကာရာမြို့ ဗုံးပေါက်ကွဲမှုမှာ အနည်းဆုံး လူ ၉၅ ဦး သေဆုံးခဲ့ပြီး အခုနှစ်တွေတွင်း သေဆုံးမှုအများဆုံး တိုက်ခိုက်မှုတခု ဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုမှာ အိုင်အက်စ် အစ္စလာမ်မစ်နိုင်ငံအဖွဲ့က ကျော်ထောက်နောက်ခံ ရှိနေတယ်လို့ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ကာ့ဒ်တပ်ဖွဲ့ PKK က နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အပစ် ရပ်ထားမယ်လို့ စနေနေ့က ကြေညာခဲ့တာကို အစိုးရက ပယ်ချခဲ့ပြီး နောက်တနေ့မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ ရွေးကောက်ပွဲ ပြုလုပ်မယ့် တူရကီနိုင်ငံမှာ စနေနေ့ တိုက်ခိုက်မှု မတိုင်ခင်ကတည်းက အခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။ ကာ့ဒ် မျိုးနွယ်စု အရေး လိုလားတဲ့ HDP ပါတီကတော့ စနေနေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ BBC Burmese



Follow us on