1. Home
  2. Good Morning Myanmar

မြန်မာ့ရေပိုင်နက်ရောက်လက်ကျန်ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၁၀ ဦးကို နေရပ်ပြန်ပို့

Good Morning Myanmar ต.ค. 14, 2558 view 1,501

မြန်မာရေပိုင်နက်ထဲ ရောက်လာတဲ့ရွှေ့ပြောင်းသွားနေသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ထဲက နောက်ထပ်အယောက် ၁၁၀ကိုမနေ့အောက်တိုဘာ(၁၂)ရက်မှာပြန်ပို့လိုက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ မေနဲ့ ဇူလိုင်လအတွင်းမှာ မြန်မာရေပိုင်နက်ထဲကနေ သုံးကြိမ်တိုင်ကယ်ထားတဲ့ရွှေ့ပြောင်း သွားလာသူ ၈၀၀ ထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် အတည်ပြုနိုင်သူ ၆၂၆ ဦးကို လည်း ငါးသုတ်ခွဲပို့ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဘင်္ဂလား နိုင်ငံသားအဖြစ် အ တည်ပြုနိုင်ရေး အချက်အလက်စုဆောင်းဖို့ ကယ်ဆယ်ရေးစခန်း ရောက်နေသူတွေကို ပထမဆုံးတွေ့ဆုံမေးမြန်းခဲ့တဲ့ရန်ကုန်ကမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးအရာရှိ တွေနဲ့ စစ်တွေက ကောင်စစ်ဝန်ရုံးအရာရှိတွေကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ကအထူးကျေးဇူးတင်ပါတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။



Follow us on