1. Home
  2. Myanmar News

မှတ်ပုံတင်မရှိခြင်းကြောင့် အလုပ်အကိုင် ရရှိရန် ခက်ခဲနေသူများ

Myanmar News ธ.ค. 21, 2563 view 1,859

ရန်ကုန်တိုင်းဒေသကြီး မြေလွတ်နေရာမှာ ကျူးကျော်နေထိုင်သူ အများအပြားရှိပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ များသောအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ရွာတွေ ပျက်စီးကာ ရေကြည်ရာမြက်နုရာရှာဖွေရင်း ရောက်‌ရှိနေထိုင်သူတွေ ဖြစ်ပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်‌-၁၁၈ ရပ်ကွက် ပုဂံလမ်းမှာ ကျူးကျော်နေထိုင်တဲ့ မိသားစု ၃၀ ကျော်ရှိနေပြီး လူပေါင်းတစ်ရာကျော် ရှိပါတယ်။ အဲဒီ မိသားစုဝင်တစ်ရာကျော်‌အနက် အရွယ်ရောက်ပြီးသူအများစုမှာ မှတ်ပုံတင်ပြုလုပ်ဖို့ မလွယ်ကူတာကြောင့် အလုပ်အကိုင်ရရှိရေး အခက်အခဲကြုံနေကြရပါတယ်။

ရန်ကုန်တတိုင်းလုံးရှိ ကျူးကျော်နေထိုင်သူအားလုံးမှာ မှတ်ပုံတင်ပြဿနာမှာ အရေးကြီးဆုံးဖြစ်နေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ဖို့ မှတ်ပုံတင်ရရှိဖို့ မျှော်လင့်နေကြတယ်လို့ ကျူးကျော်နေထိုင်သူတဦးက ပြောပါတယ်။ ကျူးကျော်နေထိုင်သူတွေ မှတ်ပုံတင်ရရှိဖို့ ဘိုးဘွားဘီဘင်စာရင်းတွေ နာဂစ်မုန်တိုင်းကြောင့် ပျောက်ဆုံးသွားတာ၊ တချို့ရွာတွေမှာ သွားရေးလာရေး စရိတ်များပြားတဲ့ အခက်အခဲတွေ ကြုံနေကြတယ်လို့ သိရပါတယ်။

Photo credit : Ye Myo Khant / MPA



Follow us on