1. Home
  2. Myanmar News

သာကေတမိချောင်းစခန်းပြန်ဖွင့်ဖို့ ခွင့်ပြုချက်တောင်းထား

Myanmar News ธ.ค. 24, 2563 view 2,217

ရန်ကုန်မြို့ သာကေတ က မိချောင်းမွေးမြူရေးစခန်းကို ပြည်လည်ဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ အရင်က အများပြည်သူ့လာရောက်လေ့လာဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပေမယ့် ကိုဗစ်ကြောင့် လည်ပတ်ခွင့်ကို ပိတ်ထားတာလည်းဖြစ်ပါတယ်။

အခုတော့ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ နဲ့ ငါးလုပ်ငန်းဦးစီးဌာနကို တင်ပြထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြန်လည်ဖွင့်လှစ်ရင်တော့ လာရောက်လေ့လာလည်ပတ်သူ ဦးရေ ကို တစ်ရက် လူ ၃၀ ဦးထက် ပိုလက်ခံမည် မဟုတ် နှင့် ကိုဗစ်ကာကွယ်ရေးစည်းမျည်းတွေအတိုင်းဆောင်ရွက်မယ်လို့ သိရပါတယ်။

အရင်ဖွင့်လှစ်ချိန်က ဝင်ကြေးကတော့ ပြည်တွင်း အတွက် တစ်ဦးကို ကျပ် ၅၀၀ သတ်မှတ်ထားပြီး ပြည်ပ ခရီးသွားတွေ ကိုတော့ ကျပ် ၁၀၀၀ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ပြန်ဖွင့်ဖို့ကိုတော့ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကို ရည်မှန်းထားပြီး ခွင့်ပြုချက်ရရင် မနက် ၉ နာရီကနေ ညနေ ၄ နာရိအထိ ပိတ်ရက်မရှိ ပုံမှန်ဖွင့်ထားဖို့စီစဉ်ထားတာပါ။

Photo credit



Follow us on