1. Home
  2. Myanmar News

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ရဖို့ လှုပ်ရှားမှု ပြုလုပ်

Myanmar News ม.ค. 18, 2564 view 2,260

ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ တရားဝင် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးအတွက် ဦးတည်ပြုလုပ်တဲ့ လှုပ်ရှားမှု တစ်ခုကို တက်ကြွလှုပ်ရှားသူအချို့က ဦးဆောင်ပြီး ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့လယ်မှာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ အတွက် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးတော့ နှာခေါင်းစည်းဝေတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားသူများအဖွဲ့ (Yangon Bikers Revolution) က ကိုဝင်းကျော်မောင်က ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဆိုင်ကယ်စီးနင်းသူအဖွဲ့စုစုပေါင်း ၃၀၀ နီးပါးရှိတယ်လို့ သိရပြီး အဲဒီ အဖွဲ့တွေ အနေနဲ့ ရန်ကုန်မြို့အတွင်းဆိုင်ကယ်စီးနင်းခွင့်ရှိ‌ရေး၊ ဥပဒေတစ်ခု တိတိကျကျသတ်မှတ်ပေး‌ရေး စတဲ့ အချက်တွေကို အစိုးရ နှင့်တာဝန်ရှိသူတွေကို တိုက်တွန်းမှုတွေ ပြုလုပ်နေပါတယ်။

ဓာတ်ပုံ-ဘီဘီစီ



Follow us on