1. Home
  2. Myanmar News

ကိုဗစ်ကြောင့် ကရင်တော်လှန်ရေးနေ့အခမ်းအနားတွင် စစ်ရေးပြအစီအစဉ်ပါဝင်တော့မည် မဟုတ်

Myanmar News ม.ค. 26, 2564 view 1,733

COVID-19 ကပ်ရော ဂါကာလခရီးသွားလာရေးအခက် အခဲနှင့် လူစုလူဝေး မဖြစ်ပွားစေ ရေးအတွက် ကရင်အမျိုးသားအ စည်းအရုံး(KNU) ဗဟိုက ကျင်းပ မည့် (၇၂)နှစ်မြောက်ကရင်တော် လှန်ရေးနေ့ အခမ်းအနားတွင် စစ်ရေးပြခြင်းအစီအစဉ် မပါဝင်တော့ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် ကရင်တော်လှန်ရေး နေ့ ရောက်တိုင်း KNU ဗဟိုက အခမ်းအနားများ ကျင်းပရာတွင် စစ်ရေးပြအစီအစဉ်ကို ထည့်သွင်း ကျင်းပလေ့ရှိသည်။ ‘‘ကျွန်တော်တို့ဆီမှာ ဟော ပြောပွဲအခမ်းအနားပဲ လုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူစုရ တာလည်း သွားရေးလာရေးလည်း အခက်အခဲရှိတယ်။ ဒီရောဂါက လည်း သတိထားရမယ့် အနေအထားအပေါ်မှာ လူစုလူဝေးနဲ့ဆို သတိထားရတဲ့အပေါ်မှာ ဟော ပြောပွဲတောင်မှ လုပ်လို့ရှိရင် အ ခုက Social distancingနဲ့ အခန်းအကျယ်ကြီးမှာ နေရာအကျယ်ကြီးလိုအပ်မှာပဲ။

အဲဒါ ကြောင့် ကျွန်တော်တို့ဟောပြောပွဲ အခမ်းအနားပဲလုပ်မယ်။ စစ်ရေး ပြအခမ်းအနားတော့ လုပ်မှာ မဟုတ်ဘူး’’ ဟု ပဒိုစောကွယ်ထူး ဝင်းက ပြောသည်။ ကရင်တော်လှန်ရေးနေ့ အခမ်းအနားများကို KNU ဗဟိုတွင် သာမက သက်ဆိုင်ရာတပ်မဟာ များတွင်လည်း နှစ်စဉ်ကျင်းပလေ့ ရှိသည်။ ယင်းတို့အနက် ယခုနှစ် တွင် KNU တပ်မဟာ(၅)က ကျင်းပမည့် အခမ်းအနားနှင့်ပတ် သက်၍ အရှေ့တောင်တိုင်းစစ် ဌာနချုပ်က နေရာရွှေ့ပြောင်း ကျင်းပရန် အကြောင်းကြားစာပို့ ထားသည်။

ကရင်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင် ပွဲများကို ဖာပွန်မြို့နယ် ကွမ်းပင်၀ ကျေးရွာအုပ်စု ထီးလော်သီထ ကျေးရွာတွင် ပြုလုပ်ရန် ပြင်ဆင် လျက်ရှိသည်ကို သိရှိရကြောင်း၊ ၂၀၂၀ ပြည့်နှစ် (၇၁)ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအ နားကို KNLA တပ်မဟာ(၅) ဌာန ချုပ် ဒေးပူနိုတွင် ကျင်းပပြုလုပ်ခဲ့ သဖြင့် ယခုနှစ် အခမ်းအနားအား ထီးလော်သီထ ကျေးရွာတွင် ပြုလုပ်ခြင်းမပြုဘဲ ယခင်နှစ်များ နည်းတူ KNLA တပ်မဟာ(၅) ဌာ နချုပ်၌သာ ကျင်းပရန် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်၏ အကြောင်းကြားစာတွင် ပါရှိသည်။

အဆိုပါကိစ္စကို KNU ဗဟို သို့ တင်ပြလာကြောင်း ပဒိုစော ကွယ်ထူးဝင်းက အတည်ပြုသည်။ ‘‘အရှေ့တောင်တိုင်းစစ်ဌာ နချုပ်ရဲ့ သဘောထားကတော့ (၇၂)နှစ်မြောက်တဲ့ ကရင့်တော် လှန်ရေးနေ့ ကျင်းပတာတော့ ကန့်ကွက်တာမဟုတ်ဘူး။ သို့သော်လည်း အခုက နေရာပြဿ နာဖြစ်တယ်။ နေရာဆိုတာကလည်း ကျွန်တော်တို့ဘက်ပိုင်း ကတော့ တင်ပြတာကတော့ ဒီ ဒေသဟာ ကျွန်တော်တို့ စီမံခန့်ခွဲ တဲ့ဒေသမို့လို့ လုပ်လို့ရတယ်။

ဒီလိုလုပ်ခြင်းအားဖြင့်ကတော့ ကိုယ့်အမျိုးသားတွေရဲ့ ကရင်အ မျိုးသားလှုပ်ရှားမှု သိရှိဖို့အတွက်၊ နားလည်ဖို့အတွက် ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက် ပြင်ဆင်တဲ့ သဘောမဟုတ်ပါဘူး။ သို့သော်လည်းပဲ ဒါကတော့ ညှိနှိုင်းသွားရ မှာပေါ့’’ ဟု ၎င်းက ဆိုသည်။ KNU တပ်မဟာ(၅) အနေ ဖြင့် အခမ်းအနားကျင်းပရန် ထီးလော်သီထကျေးရွာတွင် စီစဉ်မှု ရှိထားပြီးဖြစ်ကြောင်း၊ ယင်းနေ ရာ၌ လုပ်ဆောင်ခြင်းအားဖြင့် တစ်ဖက်နှင့်တစ်ဖက် အမြင်မတူ သည့်အပေါ်နည်းလမ်းရှာရမည် ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌက ပြောကြားသည်။

ရင်းမြစ် - 7 Day News

Photo credit



Follow us on