1. Home
  2. Special or Others

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး က စပိန် နိုင်ငံရဲ့

Special or Others ต.ค. 21, 2558 view 1,815

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး က စပိန် နိုင်ငံရဲ့ ပိုင်နက် အတွင်းမှာ အမေရိကန် ကြောင့် ဖြစ်ပေါ် ခဲ့တဲ့ နျူကလီယာ ရေဒီယို သတ္တိကြွ ပစ္စည်း တွေ ယိုဖိတ်ပြီး အဆိပ်သင့် စေခဲ့တဲ့ ဖြစ်ရပ် နဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား မှာ သဘောတူညီ မှု အသစ် တစ်ရပ် ရရှိ လာပါတယ်။ ၁၉၆၆ ခုနှစ် တုန်းက အမေရိကန် ရဲ့ B-52 အမျိုးအစား ဗုံးကြဲလေယာဉ် ဟာ လေထဲမှာ ဆီဖြည့် လေယာဉ် နဲ့ ဝင်တိုက် ခဲ့တဲ့ နောက် စပိန် တောင်ဘက်ပိုင်းက ပါလိုမားရေးစ် ဆိုတဲ့ ရွာ အနီး ကို ဟိုက်ဒရိုဂျင် ဗုံး ၄ လုံး ဖြုတ်ချ ခဲ့ ပါတယ်။ ဗုံးတွေ မပေါက်ကွဲ ခဲ့ ပေမယ့် အင်မတန် အဆိပ်အတောက် ဖြစ်စေတဲ့ ပလူတိုနီယမ် တွေ ဟာ ဧက ၅၀၀ နီးပါး အကျယ်အဝန်း ကို ယိုစိမ့် ပြန့်နှံ့ ခဲ့ပါတယ်။ အဆိပ်သင့် မြေသား တွေ ကို ဖယ်ရှားပြီး အဲဒီ့ အရပ်မှာ ရေဒီယို သတ္တိကြွ မှု ပမာဏကို စောင့်ကြည့် ကြဖို့ ကို ၂ နိုင်ငံ မူလ သဘောတူ ထား ပြီး ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီ့ နယ်ပယ် မှာ အဆိပ်အတောက် ကင်းစင်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေ အတွက် ထပ်ပြီး ညှိနှိုင်း ဆွေးနွေး ကြဖို့ပါ သဘောတူ မှု အသစ် ရရှိ လာတာ ဖြစ်ပါတယ်။ BBC Burmese.com



Follow us on