1. Home
  2. Special or Others

သွေးနီသားမှာ ကင်ဆာအန္တရာယ် ရှိမရှိ WHO ထုတ်ဖော်ပြောဆိုမည်

Special or Others ต.ค. 27, 2558 view 1,620

သိုးသား အမဲသား ၀က်သား စတဲ့ red meat သွေးနီသားတွေနဲ့ ဓာတုပစ္စည်းတွေနဲ့ အရသာရှိအောင် စီမံပြုပြင်ထားတဲ့ processed အသားတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောကြားဖို့ ရှိနေပါတယ်။ ကင်ဆာဖြစ်စေတဲ့ carcinogen ဆိုတဲ့ ဒြပ်ဝတ္တုတမျိုးကို တချို့အသားတွေမှာ ပါမပါ WHO အဖွဲ့က ထုတ်ဖော်ပြောဆိုမှာ ဖြစ်ပါတယ်။ အဆိုပါအသားတွေကြောင့် အူမကြီးနဲ့ တခြားကင်ဆာရောဂါတွေ ဖြစ်စေနိုင်တဲ့ အထောက်အထားတွေကို WHO အဖွဲ့ကြီးရဲ့ ကင်ဆာဆိုင်ရာလေ့လာရေးအဖွဲ့က လေ့လာစမ်းစစ်နေပါတယ်။ အဲဒီလို အနီရောင်ရှိတဲ့ အမဲ၊ သိုး၊ ၀က် စတဲ့ အသားတွေနဲ့ အထူးစီမံထားတဲ့အသားတွေကို အစားများသူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ့ များတယ်လို့ ဗြိတိန်နိုင်ငံက အကြံပြုပြောဆိုထားပါတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနကတော့ သွေးနီသားဟာ ကျန်းမာတဲ့အစားအစာ တစ်ခုဖြစ်တယ်လို့ ပြောဆိုပါတယ်။ BBC Burmese



Follow us on