1. Home
  2. Movie Stars - Celebrity

နိုဝင်ဘာ ၂၀ ရက်မှာ တေးအယ်လ်ဘမ်သစ် 25 ထွက်မယ်ဆိုတဲ့ Adele

Movie Stars - Celebrity ต.ค. 29, 2558 view 1,673

နိုဝင်ဘာ ၂၀ ရက်မှာ တေးအယ်လ်ဘမ်သစ် 25 ထွက်မယ်ဆိုတဲ့ Adele

    ဗြိတိန် အဆိုတော် Adele သည်အောက်တို ဘာ ၂၂ ရက်က Instagram စာ မျက်နှာတွင် ပရိသတ်များ မျှော်လင့်နေတဲ့တေးအယ်လ်ဘမ် သစ်ထွက်ရှိမည့် နေ့ရက်၊ ယင်း အယ်လ်ဘမ်ဧ။် သီချင်းစာရင်းနှင့် တေးအယ်လ် ဘမ်ကာဗာပုံတို့ကို ဖော်ပြခဲ့ပါတယ်။

     ဂရမ်မီဆုများရှင် Adele ၏ တတိယမြောက်တေးအယ်လ် ဘမ်ဖြစ်သော 25Album သည် နိုဝင်ဘာ၂၀ရက် တွင် ထွက်ရှိမည်ဖြစ်ပြီး တေးသီချင်း ၁၁ ပုဒ်ပါဝင်ကြောင်း Adele ၏တေးအေဂျင်စီများဖြစ်သော XL နှင့် Columbia တို့က အောက် တိုဘာ ၂၂ ရက်၌ ကြေညာခဲ့ သည်။ ယင်းအယ်လ်ဘမ်မှ ပထမ ဆုံးတေးသီချင်းဖြစ်သော Hello နှင့် Hello တေးဂီတဗီဒီယိုသည် အောက်တိုဘာ ၂၃ ရက်တွင် ထွက်ရှိမည်ဟုလည်း ကြေညာခဲ့ သည်။

        အသက် (၂၇)နှစ် အရွယ်ရှိ ဗြိတိန်အဆိုတော် Adele သည် 2008 တွင် 19 အမည်ရ ပထမ ဆုံးတေးအယ်လ်ဘမ်ထွက်ရှိပြီး 2011 ၌ 21 အမည်ရဒုတိယ တေးအယ်လ်ဘမ်ထွက်ရှိခဲ့သည်။ အဒဲလ်၏အယ်လ်ဘမ်သစ် 25 သည် ယခုနှစ်အတွင်း ပရိသတ် အထူးမျှော်လင့်စောင့်စားဆုံး တေးအယ်လ်ဘမ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါသည်။



Follow us on