1. Home
  2. Movie Stars - Celebrity

ဆင်စွယ်ရောင်းဝယ်မှုကို အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ Lee Bin Bin

Movie Stars - Celebrity ต.ค. 30, 2558 view 1,838

ဆင်စွယ်ရောင်းဝယ်မှုကို အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ Lee Bin Bin

                     မင်းသမီး လီဘင်းဘင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WildAid တို့က အောက် တိုဘာ ၂၃ ရက်တွင် ဆင်စွယ်များကို တရား မဝင်ရောင်းဝယ်ဖောက်ကားနေမှု နှင့် ဆင်များကို သတ်ဖြတ်နေမှု များ အဆုံးသတ်ကြရန် တိုက်တွန်းခဲ့ သည်။

                     အာဖရိကခရီးစဉ်တစ်ခုမှ ပြန်ရောက်လာ သော The Forbidden Kingdom မင်းသမီး လီဘင်းဘင်း သည် ဆင်စွယ်အတွက် ဆင် များအသတ်ခံရပုံကို နှင့် ‘‘မုဆိုးတွေဟာ ဆင်စွယ်ကိုဖြတ်ဖို့ ဆင်ကြီးသေ တဲ့အထိတောင်မစောင့်ကြပါဘူး’’ဟု လီဘင်းဘင်းက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

                    ၁၉၈၉ ခုနှစ်တွင် ဆင်စွယ် ရောင်းဝယ်ဖောက်ကားခွင့်တားမြစ် မိန့်ရှိခဲ့သော်လည်း တရုတ် နိုင်ငံ၌ တရားမဝင်ဆင်စွယ်ရောင်း ဝယ်ဖောက်ကားမှုမှာ အင်အား ကောင်းဆဲဖြစ်သည်ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ရှောက်သူများကပြောကြားခဲ့သည်။

                      ၂၀၁၃ တွင် ဟောင်ကောင်၌ တရားမဝင်မှောင်ခိုကူးသော ဆင်စွယ် ရှစ်တန်ခန့်ဖမ်းဆီးရမိခဲ့ ပြီး ဟောင်ကောင်ဒေသသည် ကမ္ဘာပေါ်၌ အကြီးမားဆုံးဆင် စွယ်မှောင်ခိုဗဟိုချက်တစ်ခုဖြစ် ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ကပြောကြားခဲ့ပါသည်။



Follow us on