1. Home
  2. Movie Stars - Celebrity

2016မှာ မင်္ဂလာပွဲပြုလုပ်မဲ့ Kim Ha Na

Movie Stars - Celebrity ต.ค. 30, 2558 view 1,595

                2016မှာ မင်္ဂလာပွဲပြုလုပ်မဲ့ Kim Ha Na        

                တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Kim Ha Na သည် 2016 မတ်လ 19 တွင် ချစ်သူနှင့်လက်ထပ်မည်ဖြစ်ကြောင်း kin ha na ၏ အေဂျင်စီ SMC&Cက အောက်တိုဘာ ၂၃ ရက်၌ ပြောသည်။ Kin ha na ခင်ပွန်းလောင်းသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ချမ်းသာကြွယ်ဝသောမိသားစုမှပေါက်ဖွား လာသူဖြစ်သည်။

                 အသက် (၃၇)နှစ်အရွယ်ရှိ Kin ha na နှင့် အသက်တစ်နှစ်ငယ်သော ခင်ပွန်းလောင်းတို့ချစ်ကြိုက်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည်။ ၎င်းတို့စုံတွဲသည် မကြာ သေးမီက နှစ်ဖက်မိဘတွေ့ဆုံပွဲ ပြုလုပ်၍ မင်္ဂလာနေ့ရက်အတိ အကျကိုသတ်မှတ်ခဲ့သည်ဟု အေဂျင်စီကပြောခဲ့သည်။ Kim ha na တို့စုံတွဲသည် မင်္ဂလာခန်းမနှင့် မင်္ဂလာပွဲနှင့်သက်ဆိုင်သောပြင် ဆင်မှုများကိုဆွေးနွေးနေသည်။ ပရိသတ်များအနေဖြင့် သရုပ်ဆောင်မင်းသမီးကင်ဟာနူးအတွက် ဂုဏ်ပြုပေးကြရန် SMC&C က တိုက်တွန်းခဲ့ပါသည်။

                Kim ha na သည် မင်္ဂလာ ဝတ်စုံနှင့် မင်္ဂလာပွဲကျင်းပရာနေ ရာတို့ကို ရွေးချယ်ခြင်းဖြင့် အလုပ်များနေပြီး မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားသောဟိုတယ်တစ်ခု၌ ကျင်းပလိမ့်မည်ဟု ယူဆရကြောင်း Korea Times သတင်း ကဖော်ပြထားပါ သည်။



Follow us on