1. Home
  2. Movie Stars - Celebrity

ငါးရက်အတွင်း အကြိမ်ရေတစ်သန်းခွဲကျော် ကြည့်ရှုခံရတဲ့ Lee Min Ho ရဲ့ချောကလက်ကြော်ငြာ

Movie Stars - Celebrity พ.ย. 02, 2558 view 1,618

ငါးရက်အတွင်း အကြိမ်ရေတစ်သန်းခွဲကျော် ကြည့်ရှုခံရတဲ့ Lee Min Ho ရဲ့ချောကလက်ကြော်ငြာ      

                   တောင်ကိုရီးယာသရုပ်ဆောင်မင်းသားလီမင်ဟိုပါဝင် ထားသော Ferrero Rocher ချောကလက်ကြော်ငြာသည် ထွက်ရှိပြီး ငါးရက်အတွင်း Youtube နှင့် Facebook တို့တွင် အကြိမ်တစ်သန်းခွဲကျော် ကြည့်ရှုခြင်းခံခဲ့ရသည်။

                    ကြော်ငြာတွင် ကေဒရာမာကြယ်ပွင့် လီမင်ဟိုက တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှ အီတလီနိုင်ငံ မြို့တော်ရောမသို့ Ferrero Rocher ချောကလက်ဘူးတစ်ဘူး သယ်ဆောင်သွား သည်ကို တင်ဆက်ထားသည်။ လီမင်ဟိုသည် ရောမမြို့၌ စကူတာကိုစီးပြီး ချောကလက်ဘူးနှင့် ပါတီပွဲတက်ခြင်းကို တင်ဆက်ထား သည်။

                     လီမင်ဟို၏ ယင်းချောကလက်ကြော်ငြာမှာ အောက်တိုဘာ၁၆ ရက်တွင် စတင်ထွက်ခဲ့ခြင်းဖြစ်ပြီး ငါးရက်အတွင်း ဖေ့စ် ဘွတ်ခ်နှင့်ယူကျု့ဘ်စာမျက်နှာတို့၌ အကြိမ်ပေါင်း တစ်သန်းခွဲကျော် ကြည့်ရှုခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။



Follow us on