1. Home
  2. Good Morning Myanmar

ခိုးကူးခွေ နှိမ်နှင်းနိုင်ဖို့ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ထိထိရောက်ရောက် ဖမ်းဆီးတော့မည်

Good Morning Myanmar พ.ย. 03, 2558 view 1,584

ခိုးကူးခွေတွေကို လက်ရှိထိ ထိမ်းချုပ်ဖမ်းဆီးနိုင်မှု အားနည်းနေတဲ့အတွက် နည်းဥပဒေအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ထိထိရောက်ရောက်ဖမ်းဆီးသွားမယ်လို့ မူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေးကော်မတီ ဥက္ကဌက ထုတ်ဖော်ပြောကြားလိုက်ပါသည်။ခိုးကူးခွေ ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အောက်မှာ ဖွဲ့ထားတဲ့ မူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေးကော်မတီအနေနဲ့ (၁၉၉၆)မူရင်းဥပဒေနဲ့ဆက်နွယ်တဲ့ အမိန့်ကြော်ငြာစာအတွက် ပြန်ကြားရေးဝန်ကြီးဌာနကို တင်ထားပြီးပြီလို့ ကော်မတီဥက္ကဌပြောပါတယ်။ နည်းဥပဒေအမိန်ကြော်ငြာစာအရဆိုရင် ခိုးကူးခွေဖမ်းမိရင် တိုက်ရိုက်ဒဏ်ကြေးငွေကို အကန့်အသတ်မရှိတောင်းခံနိုင်မယ်လို့သိရပါတယ်။ဒဏ်ငွေမဆောင်ရင်တော့ ဗွီဒီကိုဥပဒေပုဒ်မ(၃၆)အရ ထောင်(၆)လအထိအရေးယူမှာဖြစ်သလိုပုဒ်မ(၄၀၆)၊(၄၂၀)(၄၀၈) စတဲ့ ပုဒ်မတွေနဲ့လည်း အရေးယူမယ်လို့သိရပါတယ်။



Follow us on