1. Home
  2. Movie Stars - Celebrity

အရက်စွဲခဲ့တဲ့အကြောင်း ထုတ်ပြောခဲ့တဲ့ Deniel Radcliffe

Movie Stars - Celebrity พ.ย. 07, 2558 view 1,568

အရက်စွဲခဲ့တဲ့အကြောင်း ထုတ်ပြောခဲ့တဲ့ Deniel Radcliffe

                        အသက် (၂၆)နှစ်အရွယ်ရှိ ဗြိတိန်သရုပ်ဆောင်မင်းသား Deniel Radcliffe သည် Harry Potter ဇာတ်လမ်းဖြင့် အောင်မြင် မှုရနေစဉ်ကာလအတွင်း အရက်စွဲခဲ့သည့် အတိတ်ဇာတ်လမ်းကို Playboy မဂ္ဂဇင်းနှင့်အင်တာဗျူးတွင်ထုတ် ဖော်ပြောကြားခဲ့ပါသည်။

                        Deniel Radcliffe က ပရိသတ်အာရုံစိုက်မ ဖိအားသည် ပြဿနာကိုကြီးထွားစေသည်ဟု ပြောကြားခဲ့သည်။ ‘‘ကျွန်တော်အပြင်ထွက်လိုက်တဲ့အချိန်တိုင်း ကင်မရာတွေထွက်လာတယ်။ အဲဒါက ကျွန်တော့်ကို ရှိုးတိုးရှန့် တန့်ဖြစ်စေပါတယ်။ အဲဒီရှိုးတိုး ရှန့်တန့်အခြေအနေကနေ လွတ် မြောက်ဖို့အကောင်းဆုံးနည်းလမ်းကဘာဖြစ်မယ်ထင်ပါသလဲ။ အရက်က ရှိုးတိုးရှန့်တန့်အခြေ အနေကနေလွတ်ဖို့ လျှင်မြန်တဲ့ နည်းလမ်းတစ်ခုပါပဲ’’ဟု ဒန်နီယမ် ကပြောကြားခဲ့ သည်။

                       Deniel Radcliffe သည် Harry Potter ဇာတ်လမ်းတွဲများ ရိုက်ကူးစဉ် ဆယ်ကျော်သက် အရွယ်ကတည်းက အရက်စွဲခဲ့ ကြောင်းနှင့် ၂၀၁၀ နောက်ပိုင်းမှ အရက်ပြတ်သွားခဲ့ကြောင်း အင်တာဗျူးများတွင် ထုတ် ဖော်ပြောကြားထားခဲ့ပါသည်။



Follow us on