1. Home
  2. Movie Stars - Celebrity

တေးသီချင်းသစ်စံချိန်တင် အောင်မြင်မှု အတွက် ပရိသတ်ကို ကျေးဇူးတင်တဲ့ Adele

Movie Stars - Celebrity พ.ย. 07, 2558 view 1,592

တေးသီချင်းသစ်စံချိန်တင် အောင်မြင်မှု အတွက် ပရိသတ်ကို ကျေးဇူးတင်တဲ့ Adele

                         Adele ၏တေးသီချင်းနှင့် တေးဂီတဗီဒီယိုသစ် Hello သည် အောက်တိုဘာ ၂၃ ရက်တွင် ထွက်ရှိပြီး ၂၄ နာရီအတွင်းတေးဂီတ ဗီဒီယိုကို ကြည့်ရှုသည့်အကြိမ်ပေါင်း ၂၇ သန်းကျော်ရှိ ခဲ့၍ တေလာဆွစ်၏ Bad Blood တေးဂီတဗီဒီယိုတင်ထားသော ကြည့်ရှုမှုအကြိမ်အများဆုံး စံချိန်ကို ချိုးနိုင်ခဲ့သည်။

                      ငါးရက်အတွင်း ကြည့်ရှုမှုအကြိမ် ပေါင်း သန်း ၁၀၀ နှင့်စံချိန်သစ် တင်နိုင်ခဲ့သည်။ ဗြိတိန်အဆိုတော် Adele ၏ တေးဂီတဗီဒီယိုသစ် Hello သည် ကြည့်ရှုမှုအကြိမ်အများဆုံး စံချိန်ကိုချိုးလိုက်စဉ် အဆိုတော် Adele က ၎င်း၏အနုပညာခြေ လှမ်း ပြန်လည်စတင်မှုအပေါ် အားပေးသောပရိသတ်များအား ကျေးဇူးတင်စကားဆိုလိုက်သည်။

                   ‘‘Adele ရဲ့ Hello တေးဂီတ ဗီဒီယိုက ထွက်ရှိပြီး ၄၈ နာရီ အတွင်းမှာ အကြိမ်ပေါင်းသန်း ၅၀ ကျော်ကြည့်ရှုခံရလို့ ၂၀၁၅ အတွင်း ယူကျူ့ဝက်ဘ်ဆိုက်မှာ အအောင်မြင်ဆုံးပွဲဦးထွက် ဗီဒီ ယိုဖြစ်ခဲ့ပါတယ်။ တစ်သက်တာ မှာ ကြည့်ရှုမှုအများဆုံး တေးဂီတ ဗီဒီယိုသစ်တစ်ခုဖြစ်ခဲ့ပါတယ်’’ဟု ယူကျူ့ဝက်ဘ်ဆိုက်က ပြော ကြားခဲ့သည်။

                   Adele သည် ၎င်း ၏ကလေးဘဝဓာတ်ပုံတစ်ပုံကို တွစ်တာစာမျက်နှာ၌ ဖော်ပြ၍ ၎င်း၏ အနုပညာခြေလှမ်း ပြန် လည်စတင်မှု အောင်မြင်ခြင်း အထိမ်းအမှတ်ပြုလုပ်ပြီး ပရိ သတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။



Follow us on