အွန်လိုင်းဒရာမာဇာတ်လမ်းတွဲသစ်နဲ့ အနုပညာ လှုပ်ရှားမှုတွေပြန်စမယ့် Han Chae Young
2013 Pretty Man ဒရာမာဇာတ်လမ်းတွဲပြီးနောက် ကိုရီးယား ဒရာမာဇာတ်လမ်းတွဲနှင့် ဇာတ်ကားများ ရိုက်ကူးမှုကို ရပ်နားထားသည့် တောင်ကိုရီးယား၏ သက်ရှိဘာဘီရုပ်လေးဟု ချစ်စနိုးခေါ်ဝေါ်ခံရသော သရုပ်ဆောင် မင်းသမီးဟန်ချယ်ယောင်းသည် အွန်လိုင်းဒရာမာဇာတ်လမ်းတွဲသစ်ဖြင့် အနုပညာလှုပ်ရှားမှုများ ပြန်လည်စတင်မည်ဟု ဟန်ချယ်ယောင်း၏ Hanyang E&M အေဂျင်စီကပြောကြားခဲ့ပါသည်။
‘‘ဟန်ချယ်ယောင်းဟာ Beauty Master လို့အမည်ရတဲ့ အွန်လိုင်းဒရာမာဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ထားပြီး နိုဝင်ဘာလဆန်းမှာ ရိုက်ကူးရေးစနေပါပြီ ဟု အေဂျင်စီကပြောကြားခဲ့ပါသည်။
Beauty Master ဇာတ်လမ်းတွဲသည် မိတ်ကပ်၊ ဖက်ရှင်၊ စတိုင်နှင့် အလှအပရေးရာတို့တွင် ပါရမီထူးသူများအကြောင်းကို တင်ဆက်ထားသော ဇာတ်လမ်းဖြစ်ပြီး ယင်းဒရာမာ ဇာတ်လမ်းတွဲတွင် ဟန်ချယ် ယောင်းနှင့်အတူ စောဂျွန်ယောင်း နှင့် ဆန်းအွန်စောတို့လည်း သရုပ်ဆောင်ထားပါတယ်။