1. Home
  2. Movie Stars - Celebrity

ရာဇဝင်ဇာတ်ကား ပြန်လည်ရိုက်ကူးမယ့် Kim So Hyeon

Movie Stars - Celebrity พ.ย. 11, 2558 view 1,691

ရာဇဝင်ဇာတ်ကား ပြန်လည်ရိုက်ကူးမယ့် Kim So Hyeon

                                တောင်ကိုရီးယား ဆယ် ကျော်သက်သရုပ်ဆောင်မင်း သမီး kim so hyeon သည် The Last Princess အမည်ရ ကိုရီး ယားရာဇဝင်ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

                            The Last Princess ဇာတ် ကားသည် ၂၀၀၉ တွင် ထွက်ရှိ သော Princess Deok Hye ဝတ္ထု ကို အခြေခံ၍ ရိုက်ကူးမည်ဖြစ် သည်။ ယင်းဇာတ်ကားတွင် ကင်ဆို ဟွန်းက ဂျိုဆွန်ခေတ်၏ နောက် ဆုံးဘုရင့်သမီးတော် Deok Hye ၏ ငယ်ဘဝကို သရုပ်ဆောင်မည် ဖြစ်သည်။              

                            ကေဒရာမာစတား ဆန်းယယ်ဂျင်းက မင်းသမီး Deok Hye ၏ အရွယ်ရောက်ပြီး ဇာတ်ရုပ်ကို သရုပ်ဆောင်မည်ဖြစ်သည်။ The Last Princess ဇာတ် ကားသည် မင်းသမီး Deok Hye နှင့် မင်းသမီးအတွက် အရာရာ စွန့်လွှတ်ကြသော သစ္စာတော်ခံ များအကြောင်းကို ရိုက်ကူးမည့် ရာဇဝင် ဒရာမာဇာတ်ကား ဖြစ်သည်။

                         ကင်ဆိုဟွန်းသည် The Moon Embracing the Sun ရာဇဝင်ဒရာမာဇာတ်လမ်းတွဲပြီး နောက်တွင် ရာဇဝင်ဇာတ်ကား၌ ပထမဆုံးအကြိမ် ပြန်လည်သရုပ် ဆောင်ခြင်းဖြစ်သည်။ The Last Princess ဇာတ် ကားကို နိုဝင်ဘာတွင် စတင်ရိုက် ကူးနေပြီ ဖြစ်ပါတယ်။



Follow us on