1. Home
  2. Movie Stars - Celebrity

ဗြိတိန်ဝင်ငွေ စံချိန်ကိုချိုးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်

Movie Stars - Celebrity พ.ย. 12, 2558 view 1,771

ဗြိတိန်ဝင်ငွေ စံချိန်ကိုချိုးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်

                     ဂျိမ်းစ်ဘွန်းဇာတ်ကား သစ်ဖြစ်သော Spectre ရုပ်ရှင် ဇာတ်ကားသည် အမေရိကန်နိုင်ငံ တွင် ရုံတင်မပြသမီ ဗြိတိန်နိုင်ငံ၌ ပွဲဦးထွက်စံချိန်သစ်တင်ခဲ့ပါသည်။ Spectre ရုပ်ရှင်ဇာတ်ကား သည် ဗြိတိန်နှင့်အိုင်ယာလန်နိုင်ငံ တို့တွင် ပထမဆုံးသီတင်းပတ်ရုံတင် ပြသမှုမှ ကန်ဒေါ်လာ ၆၄ သန်း ခန့်ရရှိခဲ့သည်။

                   ဂျိမ်းစ်ဘွန်းဇာတ် ကားသစ်သည် တနင်္လာနေ့ (အောက်တိုဘာ ၂၆ ရက်)ရုံတင် ပြသမှုတွင် ၂၀၀၄ ၌ စံချိန်တင်ခဲ့သော Harry Potter and thePrisoner of Azkaban၏ ဗြိတိန်ပွဲဦးထွက် စံချိန်ချိုးလိုက်နိုင်သည်။ ဗြိတိန်သရုပ်ဆောင်မင်းသားဒန်နီယယ်ခရိတ်ကဂျိမ်းစ်ဘွန်း အဖြစ် ပါဝင်သရုပ်ဆောင်သော Spectre ဇာတ်ကားသည် နော်ဝေး၊နယ်သာလန်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံများ၌လည်း စံချိန်သစ်တင်ထားသည်။

                 အဆိုပါ ရုပ်ရှင်သည် နိုင်ငံခြောက်နိုင်ငံတွင်ရုံတင်ပြသငွေစုစုပေါင်း ကန်ဒေါ် လာ ၈၀ ဒသမ ၄ သန်းရရှိထားပြီး မြောက်အမေရိက၌ ရုံတင်ပြသ လျှင် ဝင်ငွပိုရလိမ့်မည်ဟု မျှော် မှန်းသည်။ Spectre ဇာတ်ကားကို နိုဝင်ဘာ ၆ ရက်တွင် အမေရိကန် နိုင်ငံ၌ ရုံတင်ပြသပြီး မြောက်အမေရိကတွင် သီတင်း ပတ်ကုန်ပွဲဦးထွက်ရုံတင်ပြငွေမှာ ကန်ဒေါ်လာသန်း ၇၀ မှ ၇၅ သန်းအထိ ရရှိလိမ့်မည်ဟုမျှော်မှန်းထားသည်။ မျှော်မှန်းနေသည့်အတိုင်း အောင်မြင်မှုရရှိလျှင် Spectre ဇာတ်ကားရုံတင် ပြသငွေသည် ၂၀၁၂တွင် ထွက်ရှိသော ဂျိမ်းစ်ဘွန်းဇာတ်ကား Sky fall ပြီးနောက် ဒုတိယအများဆုံး ဖြစ်လာမည်ဖြစ်သည်။



Follow us on