1. Home
  2. Good Morning Myanmar

ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်တွေရေရှည်ဖွံ့ဖြိုးဖို့အတွက် Master Plan ကိုအကြမ်းဖျင်းအနေနဲ့သုံးလ အတွင်းရေးဆွဲမည်

Good Morning Myanmar พ.ย. 12, 2558 view 1,497

ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် Master Plan ရေးဆွဲပြီးမှ သာလုပ် ဆောင်နိုင်မှာဖြစ်ပြီး အဲ့ဒီ Plan ကိုအကြမ်းဖျင်းအနေနဲ့ သုံးလအတွင်းရေးဆွဲသွားမှာဖြစ်တယ်လို့ ယဉ်ကျေးမှုဝန် ကြီး ဒေါ်စန္ဒာခင်ရဲ့ ပြေပြချက်ရသိရပါတယ်။ပုဂံရှိယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ခိုင်မြဲဖို့နဲ့ စနစ်တကျဖွံ့ဖြိုးတိုးတက်ဖို့အတွက် Master Plan ကိုရေးဆွဲမှာဖြစ်ပြီး အဲ့ဒီအစီစဉ်အလုံးစုံအပြီးသတ်ရေးဆွဲနိုင် ဖို့အတွက်တစ်နှစ်ခွဲကျော်ကြာမြင့်မှာဖြစ်ပါတယ်။ဒါ့အပြင်သက်ဆိုင်ရာပညာရှင်တွေကလိုအပ်တဲ့အကြံဥာဏ် တွေ ပေးနိုင်ဖို့နဲ့ ပုဂံဒေသအတွင်းလူနေအိမ်ဆောက်လုပ်မှုတွေနဲ့မြို့ပြဇုန်ချဲ့ထွင်မှုတွေဟာယဉ်ကျေးမှုဇုန်တွေ ရဲ့ပုံရိပ်တွေပေါ်ထိခိုက်မှုတွေရှိနေတာကြောင့် အချိန်နဲ့အမျှစည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်နိုင်ဖို့အတွက် အကြမ်းဖျင်းအနေနဲ့ကတော့ သုံးလအတွင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။



Follow us on