1. Home
  2. Movie Stars - Celebrity

ကိုရီးယားခရီးသွားနှစ်သံတမန်တွေအဖြစ်ခန့်အပ်ခံရတဲ့ Lee Min Hoနှင့် Seolhyun

Movie Stars - Celebrity พ.ย. 13, 2558 view 1,634

ကိုရီးယားခရီးသွားနှစ်သံတမန်တွေအဖြစ်ခန့်အပ်ခံရတဲ့ Lee Min Hoနှင့် Seolhyun

                  တောင်ကိုရီးယားသရုပ် ဆောင်မင်းသား Lee Min Ho နှင့် AOAကေပေါ့ပ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ် သော Seolhyun တို့ဟာ ၂၀၁၈ တွင်တောင်ကိုရီးယားနိုင်ငံ ဖြောင်းချန် မြို့၌ ကျင်းပပြုလုပ်မည့် ဆောင်း ရာသီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအတွက် ဆော်သြပေးရန် ကိုရီးယားခရီးသွားနှစ်(Visit Korea Year) သံတမန်များအဖြစ်နိုဝင်ဘာ ၆ ရက်တွင် ခန့်အပ်ခံခဲ့ရ သည်။ လီမင်ဟိုနှင့် ဆိုဟွန်းတို့ သည် ၂၀၁၆ မှ ၂၀၁၈ အထိ သုံး နှစ်တာလှုံ့ဆော်စည်းရုံးမှုဖြစ် မည့် ကိုရီးယားခရီးသွားနှစ်၏ သံတမန်များအဖြစ် ခန့်အပ်ခံရ ခြင်းရပြီး ၎င်းတို့နှစ်ဦးသည် ၂၀၁၈ ဆောင်းရာသီအိုလံပစ် အားကစားပွဲအတွက် ကိုရီးယားခရီးသွားလုပ်ငန်းကို မြှင့်တင်ပေး ရမည်ဖြစ်သည်။

                   ၎င်းတို့သည် ကိုရီးယားကျော်ကြားသူများဖြစ် ၍ လူအများ၏စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော် မှန်းထားသည်။ ကိုရီးယားခရီးသွားနှစ် အခမ်းအနားကို တောင်ကိုရီးယား သမ္မတပတ်ဂွန်ဟေးကိုယ်တိုင် ကြီးမှူးကျင်းပခြင်းဖြစ်သည်။ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပပြု လုပ်ခဲ့သော အဆိုပါအခမ်းအနား မှဓာတ်ပုံများကို အိမ်ပြာတော်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ ပြန်လည်ဝေမျှခဲ့သည်ဟု KDrama Stars သတင်းကဖော် ပြထားခဲ့ပါသည်။



Follow us on