သမီးကလေး ထပ်မံမွေးဖွားတဲ့ Park Shi Yeon
Park Shi Yeon သည် နိုဝင်ဘာ ၁၄ ရက်တွင် ကျန်းမာ ရေးကောင်းမွန်သော သမီးမိန်း ကလေးတစ်ဦးမွေးဖွားခဲ့ပြီးမိခင်နှင့်ကလေးပါ ကျန်းမာကြောင်းနှင့် ပရိသတ်များ၏ ဂုဏ်ယူဝမ်းမြောက်မှုကို မျှော်လင့်ကြောင်း အေဂျင်စီကပြောကြားခဲ့ပါသည်။ ၂၀၁၁ တွင်အိမ်ထောင်ပြုခဲ့ပြီး ၂ နှစ်အကြာ ပထမဆုံးရင်သွေးထွန်းကားခဲ့ပြီး ၂ နှစ်အကြာ နိုဝင်ဘာ ၁၄ ရက်နေ့လယ်တွင် ဒုတိယမြောက်ရင်သွေး မွေးဖွားခဲ့ခြင်းဖြစ်သည်။
သမီးနှစ်ဦးမိခင်ဖြစ်သော Park Shi Yeon က ဂုဏ်ယူဝမ်းမြောက်စကားဆိုသူအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ပရိသတ်ရှေ့မှောက်သို့ သရုပ်ဆောင်မင်းသမီး Park Shi Yeon အဖြစ် ပြန်လာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Park Shi Yeon သည် ပြီးခဲ့သည့် ဧပြီတွင် ထွက်ရှိခဲ့သော အမေရိကန်အက်ရှင်ဇာတ်ကား Last Knights ဖြင့် ဟောလိဝုဒ်လောက သို့ အနုပညာခြေလှမ်း စတင်ခဲ့ သူဖြစ်သည်။