The Avengers ဇာတ်ကားမှာ အမျိုးသားသရုပ်ဆောင်တွေနဲ့တူညီတဲ့ အနုပညာကြေးရရှိတဲ့ Scarlett Johansson
အမေရိကန် သရုပ်ဆောင်မင်းသမီး scarlett Johansson သည် ဟောလိ ဝုဒ်လောက၌ ယောက်ျား၊ မိန်းမ အနုပညာကြေးကွာဟမှုကို ကျော် လွှားနိုင်ခဲ့ပြီး The Avengers ဇာတ်ကားစီးရီးများတွင်Black Window အဖြစ် သရုပ်ဆောင် သော scarlett Johansson သည် ယင်းဇာတ်ကားစီးရီးများ၌ Captain America အဖြစ် သရုပ်ဆောင်သည့် ခရစ်အီဗန်နှင့် Thor အဖြစ် သရုပ်ဆောင်သော ခရစ်ဟမ်းစ်ဝေါ့သ်တို့ကဲ့သို့ အမျိုးသားသရုပ်ဆောင်များနှင့် တူညီသည့် အနုပညာကြေးကို ရရှိသည်ဟု Variety သတင်းက ဖော်ပြ သည်။
The Avengers ဇာတ်ကား များကို ထုတ်လုပ်သော ဒစ္စနေးကုမ္ပဏီက ဟောလိဝုဒ်လောက၌ ဖြစ်ပေါ်နေသော ယောက်ျား၊ မိန်းမအနုပညာကြေးကွာဟမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေသည်ဟုဆိုသည်။ scarlett Johansson သည် The Avengers ဇာတ်ကားများ အတွက် ပူးတွဲအမျိုးသားသရုပ် ဆောင်များနှင့် တူညီသောအနု ပညာကြေးရရှိကြောင်း Variety ကဖော်ပြသော်လည်း ရရှိသည့် အနုပညာကြေးပမာဏကိုမူ ဖော် ပြခြင်းမရှိပေ။