တိုင်ပေဖျော်ဖြေရေးမှာအောင်မြင်ခဲ့တဲ့ Girls Day အဖွဲ့
Girl's Day အဖွဲ့ဖျော်ဖြေသော တိုင်ပေ၏ TICC ကဇာတ်ရုံသို့ ပရိသတ် ၂,၀၀၀ တက်ရောက်ခဲ့ပြီး ၎င်းတို့ကလည်း သီချင်း ၁၂ ပုဒ်သီဆိုခဲ့ကာ တစ်နာရီခွဲကျော်ကျော်ကြာမြင့်ခဲ့သည်။ Girl's Day အဖွဲ့၏ တင်ဆက်မှုတွင် ၎င်းတို့၏နာမည်ကျော်သီချင်းများဖြစ်သော (Twinkle Twinkle, Expectations, Female President, Something၊ Darling အစရှိသည့်သီချင်းများ ပါဝင်ခဲ့သည်။
ပထမဆုံးပွဲတွင် ပရိသတ်အများအပြားလာရောက်ခဲ့၍ Girl's Day အဖွဲ့က အလွန်အံ့အားသင့်ကြောင်းနှင့် ပရိသတ်များက ‘ယုရာ’၏မွေးနေ့ကို ဂုဏ်ပြုခဲ့၍ ထိထိခိုက်ခိုက် ခံစားခဲ့ရတယ်လို့ ၎င်းတို့၏ ဂီတကုမ္ပဏီကပြောကြားခဲ့ပါတယ်။