MAMA တေးဂီတဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေမယ့် Psy နဲ့ CL
Kpop star နှစ်ဦး ဖြစ်သော Psy နှင့် CL တို့သည် လာမည့်ဒီဇင်ဘာ ( 2 ) ရက်နေ့တွင် ဟောင်ကောင် ၌ ကျင်းပပြုလုပ်မည့် Mnet တေးဂီတရုပ်သံလိုင်း က ကြီးမှူးကျင်းပသော ၂၀၁၅ MAMA တေးဂီတဆုပေးပွဲ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။
Psy သည် ဒီဇင်ဘာ ၁ရက် တွင် တေးအယ်လ်ဘမ်သစ်ထွက် မည်ဖြစ်ပြီး CL သည် နိုဝင်ဘာ ၂၁ ရက်၌ Hello Bitches တေးသီချင်းသစ်ထွက်ရှိ၍ MAMAဆုပေးပွဲအတွင်း သီချင်းသစ်များဖြင့် ဖျော်ဖြေတင်ဆက်မည်ဟု သတင်းထွက်ပေါ်နေပြီးYG Entertainment အေ ဂျင်စီအောက်ရှိ အနုပညာရှင်များ ဖြစ်သော Psy နှင့် CL တို့အပြင် Big Bang နှင့် iKON ကေပေါ့ပ် အဖွဲ့တို့သည်လည်း ယင်း MAMAဆုပေးပွဲသို့ တက်ရောက်မည်ဟု အတည်ပြုခဲ့ပါတယ်။