1. Home
  2. Good Morning Myanmar

၁၅ နှစ်တာကာလအတွင်း မိုင်းဒဏ်ကြောင့် လူပေါင်း ၃၇၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

Good Morning Myanmar พ.ย. 30, 2558 view 1,606

၁၅ နှစ်တာကလအတွင်း ပြည်တွင်းမှာ မိုင်းဒဏ်ကြောင့် ခန့်မှန်းခြေ ထိခိုက်ဒဏ်ရာရရှိသူ ၃၇၀၀ ကျော်နဲ့ သေဆုံးသူ ၄၀၀ နီးပါး ရှိခဲ့တယ်လို့နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ ICBL ရဲ့အစီရင်ခံစာထဲမှာဖော် ပြထားပါတယ်။ဒါဟာ ICBL ကမြန်မာနိုင်ငံအတွက် အခုနှစ်မိုင်းအန္တရာယ်ဆိုင်ရာ အစီရင်ခံစာကိုနိုဝင်ဘာ ၂၅ရက်က ထုတ်ပြန်လိုက်တာဖြစ်ပြီးဒီကိန်းဂဏန်းတွေဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းထိခိုက်ခဲ့တဲ့ စာရင်းဖြစ်ပါတယ်။၂၀၁၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ မိုင်းကြောင့်ထိခိုက်ဒဏ်ရာ ရရှိသူ ၂၅၀ ကျော်နဲ့ သေဆုံးသူ ၄၅ ဦးရှိခဲ့ပါတယ်။အထူးသဖြင့် လူသတ်မိုင်း၊ လက်လုပ်မိုင်း၊ ကားမိုင်းနဲ့ အမျိုးအစားမသိမိုင်းတွေကြောင့်ထိခိုက် ဒဏ်ရာရရှိမှုတွေနဲ့ သေဆုံးမှုတွေအဓိက ဖြစ်ပေါ် နေတယ်လို့ ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။



Follow us on