1. Home
  2. Movie Stars - Celebrity

Nov 22 မှာလက်ထပ်ခဲ့ကြတဲ့ sofia vergara & joe manganiello

Movie Stars - Celebrity ธ.ค. 01, 2558 view 1,902

Nov 22 မှာလက်ထပ်ခဲ့ကြတဲ့ sofia vergara & joe manganiello

                      Modern Family သရုပ်ဆောင်မင်းသမီး sofia vergara နှင့် Magic Mike သရုပ်ဆောင်မင်းသား joe manganiello တို့သည် နိုဝင်ဘာ ၂၂ ရက်ညတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် West Palm Beach ၌ လက်ထပ်ခဲ့ကြသည်။ ၎င်းတို့စုံတွဲ၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲသို့ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ကျော်ကြားသူလုပ်ဖော်ကိုင်ဖက်များအပါအဝင် ဧည့်ပရိသတ် ၄၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

                     အသက် (၄၃) နှစ်အရွယ်ရှိ sofia သည် မင်္ဂလာပွဲမှ ဓာတ်ပုံများစွာကို Instagram စာမျက်နှာ၌ဖော်ပြခဲ့သည်။ sofia သည် အနှစ်သက်ဆုံး ဒီဇိုင်နာတစ်ဦးဖြစ်သော လက်ဘနွန် ဒီဇိုင်နာဇူဟဲမူရက်ဖန်တီးပေးသည့် မင်္ဂလာ ဂါဝန်ကိုဝတ်ဆင်ထားပြီး အလွန်လှပနေခဲ့ သည်။

                     sofia vergara တို့စုံတွဲက မင်္ဂလာပွဲလာဧည့်ပရိသတ်များ အနေဖြင့် မင်္ဂလာလက်ဖွဲ့ပေးမည့်အစား St.Jude ကလေးဆေးရုံ (သို့မဟုတ်) Pitts burgh ကလေးဆေးရုံသို့ လှူဒါန်းပေးကြရန်တိုက်တွန်းခဲ့သည်။ ကိုလံဘီယာသရုပ်ဆောင် မင်းသမီး sofia vergara သည် ၁၉ နှစ်အရွယ်တွင် ပထမအိမ်ထောင်နှင့် သားတစ်ဦးထွန်းကားခဲ့ သည်။ ယခုမင်္ဂလာပွဲတွင် သတို့ သမီးဆိုဖီယာကို အသက် (၂၃) နှစ်အရွယ်သားဖြစ်သူမန်နိုလိုက မင်္ဂလာလျှောက်လမ်းထက်သို့ ခေါ်ဆောင်ပေး ခဲ့သည်။



Follow us on