1. Home
  2. Good Morning Myanmar

အစိုးရသစ်မပြောင်းခင် ခုံးကျော်တံတားများ ဘဏ္ဍာရေးရှင်းတမ်းရှင်းပေးဖို့တောင်းဆို

Good Morning Myanmar ธ.ค. 02, 2558 view 1,494

အခု အစိုးရသက်တမ်းအတွင်း ရန်ကုန်မြို့တွင်းမှာတည်ဆောက်ခဲ့တဲ့ ခုံးကျော်တံတားတွေရဲ့ ဘဏ္ဍာငွေစာရင်းရှင်းတမ်းကို အစိုးရသက်တမ်း မကုန်ခင်မှာပြည်သူကို အသေးစိတ်ချပြဖို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက တိုင်းဒေသကြီးလွှတ်တော် နိုဝင်ဘာလ(၃၀)ရက်နေ့ အထူးအစည်းအဝေးမှာတင်သွင်းလိုက်ပါတယ်။အခုအစိုးရသက်တမ်းအတွင်းမှာရန်ကုန်မြို့အတွင်းယာဉ်ကြော ကြပ်တည်းမှုတွေကိုဖြေရှင်းဖို့အတွက် ဘုရင့်နောင်၊ မြေနီကုန်း၊ လှည်းတန်း၊ ရွှေဂုံတိုင်စတဲ့ နေရာတွေမှာခုံ ကျော်တံတားတွေတည်ဆောက်ခဲ့ပါတယ်။အခုအစိုးသက်တမ်းမှာခုံးကျော်တံတားတွေရဲ့တန်ဖိုးငွေဟာ ဘီလီယံ ၈၀ နီးပါးရှိခဲ့တာကြောင့် ဒီခုံးကျော်တံတားတွေရဲ့ ဘဏ္ဍာငွေစာရင်းရှင်းတမ်းတွေကကိုလက်ရှိအစိုးသက်တမ်းမကုန်ခင် ပြည်သူတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့တာပါ။



Follow us on