1. Home
  2. Good Morning Myanmar

(ဂျိုဗားဂိုး)Jovago.com ကနေပြည်တွင်းဟိုတယ်အချို့မှအခန်းတွေကိုအခမဲ့ကြိုတင်ဘိုကင်ပြုလုပ်နိုင်

Good Morning Myanmar ธ.ค. 04, 2558 view 1,500

အွန်လိုင်းကနေဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှုတွေအတွက် ၀န်ဆောင်မှုပေးနေတဲ့နိုင်ငံတကာ ၀က်ဆိုဒ်တစ်ခုဖြစ်တဲ့ www.jovago.com ကိုအသုံးပြုပြီး ပြည်တွင်းကဟိုတယ်အခန်းတွေကို အခမဲ့ကြိုတင်ဘို ကင်ပြုလုပ်ပြီးငှားရမ်းနိုင်ပြီ ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်ကစတင်ခဲ့တဲ့ jovago.com မှာတော့အာဖရိက နိုင်ငံပေါင်း ၄၀ ကျော်၊ အာရှတိုက်နိုင်ငံအချို့အပါဝင် တစ်ကမ္ဘာလုံးက ဟိုတယ်နှစ်သိန်းနီးပါးကို အွန်လိုင်းကနေအခန်းငှား ရမ်းမှုများပြုလုပ်နိုင်တာဖြစ်ပါတယ်။ဒီဇင်ဘာလ (၃)ရက်နေ့မှစပြီး jovago.com ဆိုဒ်ကိုအသုံပြုပြီး ပြည်တွင်းမှာရှိတဲ့ မြို့အသီးသီး ကဟိုတယ်အလုံး(၇၀)မှာအွန်လိုင်းကအခမဲ့အခန်းကြိုတင်ငှားရမ်းမှုတွေ စတင်ပြုလုပ်နိုင်နေပြီလို့သိရပါတယ်။



Follow us on