အယ်လ်ဘမ်သစ် ရောင်းရငွေထဲက ပရဟိတအဖွဲ့ကို လှူဒါန်းမယ့် Chris Brown
အမေရိကန် အဆိုတော်ခရစ်ဘရောင်းသည် မကြာမီထွက်မည့် တေးအယ်လ်ဘမ်သစ် Royalty ရောင်း ရငွေများကို Children'sMiracle Network ပရဟိတအဖွဲ့သို့ လှူဒါန်းမည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် Insta-gram စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ ခရစ္စမတ်မတိုင်မီရောင်းရ သော ယင်းအယ်လ်ဘမ်တစ်ချပ် စီမှ ရောင်းရငွေတစ်ဒေါ်လာကို အဆိုပါပရဟိတအဖွဲ့သို့ လှူဒါန်းမည်ဟု ခရစ်ဘရောင်းကပြောကြားခဲ့ပါတယ်။
Royalty အယ်လ်ဘမ်သည် ခရစ်ဘရောင်း၏သမီးဖြစ်သူ အမည်ကို အစွဲပြုခေါ်ဝေါ်ထား ခြင်းဖြစ်ပြီး ခရစ်ဘရောင်း၏ သတ္တမမြောက်တေးအယ်လ်ဘမ် Royalty ကို ဒီဇင်ဘာ ၁၈ ရက်တွင် ထွက်မည်ဖြစ်ပြီး ကြိုတင်မှာယူနိုင်နေပြီလဲဖြစ်ပါတယ်။