1. Home
  2. Good Morning Myanmar

(၉၅)ကြိမ်မြောက် အမျိုးသားအောင်းပွဲနေ့ အခမ်းနားကျင်းပ

Good Morning Myanmar ธ.ค. 07, 2558 view 1,561

(၉၅)ကြိမ်မြောက် အမျိုးသားအောင်းပွဲနေ့ အခမ်းနားကို ဒီဇင်ဘာ ၆ ရက်နေ့ကရွှေတိဂုံဘုရားရင်ပြင် အမျိုးသားနေ့အထိမ်းအမှတ် ကျောက်စာတိုင်မှာ ကျင်းပသွားပါတယ်။ဒီဇင်ဘာလ ၆ရက်နေ့ဟာအမျိုးသားနေ့ အဖြစ် သတ်မှတ်ထားတဲ့နေ့ဖြစ်ပါတယ်။ဗြိတိသျှအစိုးရပြဌာန်းတဲ့ ရန်ကုန်ယူနီဘာစီတီအက်ဥပဒေ ကိုသပိတ် မှောက်ဖို့ကောလိပ်ကျာင်းသားတွေ အဓိဋ္ဌာန်ပြုခဲ့တဲ့ ရွှေတိဂုံစေတီတော် စနေဒေါင့်မှာရှိတဲ့ နေရာကိုဒီကနေ့မှာတော့ မြို့မကျောင်းသား၊ ကျောင်းသူအသင်းက နံနက်(၇)နာရီအတိမှာဂါရ၀ပြုခဲ့ပါတယ်။ဒါ့ အပြင် အမျိုးသားနေ့အောင်ပွဲအခမ်းနားကိုတော့ မြို့မကျောင်းသား၊ ကျောင်းသူဟောင်းများအသင်းမှာ ပြုလုပ်ခဲ့ တာဖြစ်ပြီး အမျိုးသားနေ့အတွက် စာစီစာကုံးပြိုင်ပွဲမှာ ဆုရရှိတဲ့ကျောင်းသားများကို ဆုများချီးမြှင့်ခဲ့တယ်လို့သိရ ပါတယ်။



Follow us on