1. Home
  2. Movie Stars - Celebrity

တရုတ်ဒရာမာဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်မယ့် Krystal

Movie Stars - Celebrity ธ.ค. 08, 2558 view 1,667

တရုတ်ဒရာမာဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်မယ့် Krystal

                                  f(x)မှ အဖွဲ့ဝင်ခရစ္စတယ်သည် တရုတ်ဒရာမာဇာတ်လမ်းတွဲသစ် Graduation Season ၌ ခေါင်းဆောင် မင်းသမီးနေရာမှ သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသည်ဟု ကိုရီးယား My Daily သတင်းက နိုဝင်ဘာ ၂၈ ရက်တွင်ဖော်ပြခဲ့ပါသည်။

                                ဖက်ရှင်လုပ်ငန်းအတွေ့ အကြုံရှိသော ခရစ္စတယ်သည် လာမည့်နှစ်ဆန်းတွင် တရုတ်နိုင်ငံ၌ အဆိုပါဇာတ်လမ်းတွဲ စတင်ရိုက်ကူးမည်ဖြစ်ပြီး ယင်းဒရာမာဇာတ်လမ်းတွဲသည် ဖက်ရှင်လောကကို ဇာတ်အိမ်တည်သော အချစ်ဒရာမာ ဇာတ်လမ်းတွဲဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။

                                အသက် (၂၁)နှစ်အရွယ်ရှိ ခရစ္စတယ်သည် High Kick 3, The Heirs နှင့် My Lovely Girl ဒရာမာဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်ကြားလာသူဖြစ်ပြီး စတုတ္ထမြောက်တေးအယ်လ်ဘမ်ထွက်ရှိထားခဲ့ပါတယ် f(x)အဖွဲ့သည် ဒီဇင်ဘာ ၂ ရက်တွင်ကျင်းပပြုလုပ်မည့် MAMA တေးဂီတဆုပေးပွဲတွင်လဲ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။



Follow us on