ဖုန်းနဲ့ချိတ်ဆက်ပြီး တက္ကစီငှားရမ်းနိုင်တဲ့ ၀န်ဆောင်မှုကိုလုပ်နေတဲ့ Hello Cabs Taxi မှာချိတ်ဆက်ထားတဲ့ တက္ကစီအစီးရေ ၄၀၀ ကျော်ထိရှိနေပြီလို့သိရပါတယ်။ Hello Cabs Taxi ကို (၂၀၁၄)သြဂုတ်လကတည်းက အစီးရေ(၁၀၀)နဲ့ စတင်လည်ပတ်ခဲ့တာဖြစ်ပြီးအခုတော့ အစီးရေ(၃၀၀)ကျော်ထပ်မံတိုးမြင့်လာတာဖြစ်ပါတယ်။ ကားခေါ်ဆိုမှုအတွက်ဝန်ဆောင်ခအဖြစ် ငွေကျပ် ၃၀၀ တောင်းခံပြီး ဒီဝန်ဆောင်ခကို ခရီးသည်က ကျခံရမှာဖြစ်ပါတယ်။ Hello Cabs Taxi ကိုလက်ရှိမှာ ဖုန်းကတစ်ဆင့် ခေါ်ဆိုရတာဖြစ်ပြီးနောက်ပိုင်းမှာတော့အွန်လိုင်းကတစ်ဆင့် ကားငှားရမ်းနိုင်အောင်ပါ စီစဉ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။