သမီးတစ်ဦး မွေးစားလိုက်တဲ့ Sandra Bullock
ဟောလိဝုဒ် ကြယ်ပွင့်ဆန်ဒရာဘူးလော့ခ်က သမီးမိန်းကလေးတစ်ဦးမွေးစား လိုက်သည် ဟူသောသတင်းများထွက်နေ သည်မှာ လအတန်ကြာပြီဖြစ် သော်လည်း၎င်းကိုယ်တိုင် People မဂ္ဂဇင်းမှတစ်ဆင့် ပရိသတ်များအားအတည်ပြုအသိပေး လိုက်သည်။
အသက် (၅၁)အရွယ်ရှိနေတဲ့ Sandra Bullock ကအသက် (၃)နှစ်ခွဲအရွယ်ရှိ သမီးလေး လီဘာကို အမေရိကန်နိုင်ငံ လူဝီ စီယားနားပြည်နယ်မှ ခေါ်ယူမွေး စားခဲ့ပြီး Bullock သည် ၂၀၁၀ ပြည့်နှစ်က လည်း ယင်းပြည်နယ်မှ သား ယောက်ျားလေးတစ်ဦးကို မွေးစားခဲ့သည်။ လွန်ခဲ့သည့် (၃)နှစ်ခန့် ကတည်းက လီလာကိုမွေးစားရန် ကြိုးစားခဲ့သည်ဟု အော်စကာဆု ရသရုပ်ဆောင်မင်းသမီး Bullock ကပြောသည်။
‘‘ကျွန်မသမီးလေးက Lego အရုပ်တွေ Batman အရုပ်တွေ တွေနဲ့ရောနှောနေတဲ့ ကျွန်မတို့ အိမ်လေးထဲကို ပန်းရောင်လေး တွေ ပြိုးပြိုးပြက်ပြက်အရောင် လေးတွေ သယ်ဆောင်လာပေးပါ တယ်’’ဟု ဆန်ဒရာဘးလော့ခ်က ပြောကြားခဲ့ပါတယ် ။