၂၀၁၄ က ခရစ္စမတ်သစ်ပင်ကို လေလံတင်ရောင်းမယ့် Rihanna
Rihanna သည် ၂၀၁၄ ခုနှစ်က ၎င်း၏နေအိမ်၌ထားရှိခဲ့သော ခရစ္စမတ်သစ်ပင်ကို လာမည့် Diamond Ball ပရဟိတပွဲတွင် လေလံတင်ရောင်းချမည်ဖြစ် သည်။၎င်းတည် ထောင်ထားသော Clara Lionel ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ရှာဖွေခြင်းအဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမြို့၌ Diamond Ball ရန်ပုံငွေရှာဖွေ ပွဲပြုလုပ်မည်ဖြစ်သည်။
ပွဲ၏အစီအစဉ်တစ် စိတ်တစ်ပိုင်းအဖြစ် Rihanna သည် ၂၀၁၄ က နေအိမ်၌ ထား ရှိခဲ့သော ခရစ္စမတ်သစ်ပင် အပါအဝင် ပိုင်ဆိုင်သမျှပစ္စည်းများ စွာကို လေလံတင်ရောင်းချမည် ဖြစ်ပြီး Rihanna ၏ ထူးခြားသော ခရစ္စမတ်သစ်ပင်ကို အနုပညာ ရှင်ဂျော့မော်ဖင်က ဖန်တီးပေးခဲ့ ခြင်းဖြစ်သည်။
Rihanna လက် မှတ်ရေးထိုးထားသော ယင်းသစ် ပင်သည် ကန်ဒေါ်လာ ၁၅,၀၀၀ ခန့် တန်ဖိုးရှိသော်လည်း Paddle 8 လေလံဝက်ဘ်ဆိုက်တွင် ကန်ဒေါ် လာ ၆,၀၀၀ ဖြင့် ဈေးစတင်ပေးသည်။ အဆိုပါလေလံပွဲနှင့် Diamond Ball ပွဲတို့မှရရှိသည့် အကျိုးအမြတ်များကို ရီဟားနား ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်သည်။ ယခုနှစ် Diamond Ballပွဲတွင် ဟာသသရုပ်ဆောင် ကီဗင်ဟာ့ထ်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။