Viber တယ်လီနောမြန်မာနဲ့ Red dot တို့ပူးပေါင်းပြုလုပ်တဲ့ We love Myanmar အစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က Park Royal ဟိုတယ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။We love Myanmar အစီအစဉ်မှာ မြန်မာလူမျိုးများကြား အသုံးများတဲ့ မြန်မာစကားလုံးတွေနဲ့ ပုံဖော်ထားတဲ့စတစ်ကာတွေကို Viber မှာထည့်သွင်းပေးထားမှာဖြစ်ပြီး ဒေါင်းလော့ရယူကာအသုံးပြုနိုင်မှာဖြစ်ပါတယ်။လာမယ့်ဇန်န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့မှာ တယ်လီနော ကွန်ယက်နဲ့ချိတ်ဆက်တဲ့ Viber ကို နှစ်ပတ်ကြာအခမဲ့အသုံးပြုခွင့်ပေးထားမှာဖြစ်သလို We love Myanmar အစီအစဉ်ပါဝင်တဲ့ Viber စတစ်ကာတွေကိုလည်း အခမဲ့ရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။