1. Home
  2. Movie Stars - Celebrity

Carol ဇာတ်ကား ၂၀၁၆ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းမှာ ဆုအများဆုံး အမည်တင်သွင်းခံရ

Movie Stars - Celebrity ธ.ค. 17, 2558 view 1,636

Carol ဇာတ်ကား ၂၀၁၆ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းမှာ ဆုအများဆုံး အမည်တင်သွင်းခံရ

                              ၂၀၁၆ ဇန်န ဝါရီ ၁၀ ရက်တွင်ကျင်းပပြုလုပ် မည့် (၇၃)ကြိမ်မြောက် ရွှေကမ္ဘာ လုံးဆုပေးပွဲအတွက် အမည်တင် သွင်းခံရသော ဆန်ခါတင်ဆုစာ ရင်းကို ဒီဇင်ဘာ ၁၀ရက်၌ ကြေညာခဲ့သည်။ (၇၃)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲသည် ၂၀၁၅ တွင် ရုပ်ရှင်နှင့် အမေရိကန်ရုပ်သံလုပ်ငန်းတို့က အကောင်းဆုံးအနုပညာများကို ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဖြစ်သည်။ ၂၀၁၆ ရွှေကမ္ဘာလုံးဆုဆန် ခါတင်စာရင်း၌ ဆုအများဆုံး အမည်တင်သွင်းခံရသော ဇာတ် ကားမှာ ဗြိတိန်နှင့်အမေရိကန် အချစ်ဒရာမာဇာတ်ကား Carol ဖြစ်သည်။ အမျိုးသမီးနှစ်ဦး အကြား အချစ်ဇာတ်လမ်းကိုတင် ဆက်ထားသော Carol ဇာတ်ကား သည် အကောင်းဆုံးရုပ်ရှင်ဇာတ် ကားဆုအတွက် အမည်တင်သွင်း ခံရသည့်အပြင် ယင်းဇာတ်ကား ဖြင့် ကိတ်ဘလန့်ချက်နှင့် ရွန်းနီ မာတို့နှစ်ဦးစလုံးသည် အကောင်း ဆုံးအမျိုးသမီးသရုပ်ဆောင်ဆု အတွက် အမည်တင်သွင်းခံရ သည်။

                              အဆိုပါဇာတ်ကားဖြင့်ပင် တော့ဒ်ဟေးနက်စ်က အကောင်း ဆုံးဒါရိုက်တာဆုအတွက် အမည် တင်သွင်းခံရပြီး ယင်းဇာတ်ကား သည် ရုပ်ရှင်တေးသွားဆုအတွက် လည်း ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ The Revenant ဇာတ်ကား၊ The Big Short ဇာတ်ကားနှင့် Steve Jobs ဇာတ်ကားတို့သည် ဆုလေးဆုစီအတွက် အမည်တင် သွင်းခံထားရသည်။ American Crime Fargo, Mr Robot, Outlander, Trans- parent နှင့် Wolf Hall ဇာတ်လမ်း တွဲတို့သည် ၂၀၁၆ ရွှေကမ္ဘာလုံး ဆုပေးပွဲ၌ ဆုသုံးဆုစီဖြင့် ဆု အများဆုံးအမည်တင်သွင်းခံရ သော ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်ခဲ့သည်။



Follow us on