1. Home
  2. Good Morning Myanmar

ရွှေတစ်ပိသာကျော်သည့် ရွှေပြား ၁၀၈ပြား ရွှေတိဂုံစေတီတော်သို့လှူဒါန်း

Good Morning Myanmar ธ.ค. 22, 2558 view 1,699

ပန်းတဉ်းတန်းအာရုဏ်တော်ဝတ်အသင်းဟာ ရွှေစင်ရွှေသားတစ်ပိသာကျော်ရှိတဲ့ ရွှေပြား ၁၀၈ပြားကိုရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူဖို့ ဒီဇင်ဘာလ ၂၀ရက်ကလှူဒါန်းသွားပါတယ်။ကြည့်မြင်တိုင် မြို့နယ်၊ စမ်းချောင်းမြို့နယ်နဲ့အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်တွေမှာရှိတဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေအပြင် ၀ါတွင်းကာလအတွင်း အလှူခံရရှိထားတဲ့ ငွေသားတွေကို ရွှေပြားများအဖြစ် ပြန်လည်ပြုလုပ်ပြီးလှူဒါန်းတာဖြစ်ပါတယ်။အခုရွှေပြားတွေကိုတော့ ရွှေတိဂုံစေတီတော်ရဲ့ ငါးနှစ်တစ်ကြိမ်ရွှေသင်္ကန်းကပ်လှူမှုမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။အသင်းအနေနဲ့ ရွှေတိဂုံစေတီတော်ကြီးကို နှစ်စဉ်ရွှေပြားသင်္ကန်းများကပ်လှူပူဇော်နေတာဖြစ်ပြီး အခုဆိုရင် ၇၄ကြိမ်မြောက်ရှိပြီးဖြစ်တဲ့အထိ ရွှေစင်ရွှေသားအလေးချိန် စုစုပေါင်း ၂၆ပိသာကျော် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။



Follow us on