1. Home
  2. Good Morning Myanmar

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များရဲ့ အဂတိလိုက်စားမှုများကိုတိုင်ကြားနိုင်

Good Morning Myanmar ธ.ค. 24, 2558 view 1,511

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှု တွေကိုတွေ့ရှိရင် ပြည်သူတွေအနေနဲ့အွန်လိုင်းကွန်ပလိမ်းစင် တာကိုတိုင်ကြားနိုင်တယ်လို့ ရန်ကုန်အမှတ်(၂)ယာဉ်ထိန်းရဲ့ ဒုရဲမှုးကြီး အောင်ကိုဦး ကမီဒီယာတွေနဲ့တွေ့ဆုံပွဲ မှာပြောကြားလိုက်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်သူတွေကိုအ ရေးယူဆောင်ရွက်တာတွေပြုလုပ်နေသလို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကိုလဲ တာဝန်ထမ်းဆောင်ချိန်တွေမှာ အဂတိလိုက်စားမှုတွေ အပါဝင်စည်းကမ်းဖောက်ဖျက်မှုတွေရှိခဲ့ပါက အွန်လိုင်းကွန်ပလိမ်းစင်တာ(OCC) မှာတဆင့် ဓာတ်ပုံ၊ သက်သေခံပစ္စည်းစတဲ့အထောက်ထားတွေနဲ့တကွတိုင်ကြားနိုင်တယ်လို့ ဒုရဲမှုးကြီး အောင်ကိုဦးက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဒီဇင်ဘာလ ၁၈ ရက်ကပြောကြားလိုက်ပါတယ်။



Follow us on