1. Home
  2. Movie Stars - Celebrity

Shinhwa အဖွဲ့အနုပညာသက်တမ်း (၁၈) နှစ်ပြည့် ဖျော်ဖြေပွဲပြုလုပ်မည်

Movie Stars - Celebrity ธ.ค. 30, 2558 view 1,609

Shinhwa အဖွဲ့အနုပညာသက်တမ်း (၁၈) နှစ်ပြည့် ဖျော်ဖြေပွဲပြုလုပ်မည်

                          တောင်ကိုရီးယားနိုင်ငံ ကေပေါ့ပ်သမိုင်း၌ သက်တမ်း အရှည်ဆုံးအဖွဲ့ဖြစ်သော Shinhwa အဖွဲ့သည် ၂၀၁၆ မတ်လတွင် အနုပညာသက်တမ်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲကျင်းပမည်ဟု အဖွဲ့ကိုယ်စားလှယ်တစ်ဦးက ဒီဇင်ဘာ၂၈ ရက် တွင်ပြောကြားခဲ့ပါသည်။

                        ‘‘Shinhwa အဖွဲ့ဟာ သူတို့ အနုပညာခြေလှမ်းစတင်တဲ့ မတ်လ ၂၄ ရက်အတွက် နှစ်စဉ် နှစ်တိုင်း ဖျော်ဖြေပွဲတွေကျင်းပ ပြုလုပ်ခဲ့ပြီး လာမယ့်နှစ် မတ်လမှာလည်း အဖွဲ့အနုပညာသက်တမ်း (၁၈) နှစ်ပြည့် အနေနဲ့ ဖျော်ဖြေပွဲပြုလုပ်ဖို့အစီအစဉ်ရှိပါတယ်’’ဟု ကိုယ်စားလှယ်က ပြောသည်။

                            Shinhwa အဖွဲ့၏ဖျော်ဖြေပွဲ နှင့်အတူ သီချင်းသစ်ထွက်မည် ဟူသောသတင်းများကို ယင်း ကိုယ်စားလှယ်က ငြင်းဆိုသည်။ ၁၉၉၈ တွင် ကေပေါ့ပ် လောကသို့ စတင်ခြေချသော Shinhwa အဖွဲ့သည် ၁၂ ခု မြောက်တေးအယ်လ်ဘမ် We ကို ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ထွက် ရှိခဲ့ပြီး အဖွဲ့ဝင်များသည်လက်ရှိတွင် တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုများဖြင့် အလုပ် များကြသည်။



Follow us on