1. Home
  2. Movie Stars - Celebrity

MBC ဒရာမာဇာတ်လမ်းတွဲ အကောင်းဆုံး စုံတွဲဆုဆွတ်ခူးသွားတဲ့ Ji Sung & Park Seo Jun

Movie Stars - Celebrity ม.ค. 05, 2559 view 1,876

MBC ဒရာမာဇာတ်လမ်းတွဲ အကောင်းဆုံး စုံတွဲဆုဆွတ်ခူးသွားတဲ့ Ji Sung & Park Seo Jun

                                 တောင်ကိုရီးယား MBC ရုပ်သံလိုင်း၏ ၂၀၁၅ ဒရာမာ ဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲ သည် Kill Me, Heal Me ဇာတ် လမ်းတွဲမှ အမျိုးသားသရုပ် ဆောင်များဖြစ်သော ji sung နှင့် park Seo jun တို့ကို အံ့အား သင့်စေခဲ့ပြီး ရယ်မောစေခဲ့သည်။ ယင်းဇာတ်လမ်းတွဲတွင် ji sung ၏ ဇာတ်ရုပ်ဖြစ်သော ဆယ်ကျော်သက်မိန်းကလေး Ann hyo nar ဇာတ်ရုပ်သည် park seo jun ၏ ဇာတ်ရုပ်ဖြစ်သော Oo yee oo ဇာတ်ရုပ်ကို တမ်းတမ်းစွဲသဘောကျခဲ့သည်ကို တင်ဆက်ထားသည်။

                             Ji sung နှင့်park seo jun တို့သည် အန်းယိုနာ ဇာတ်ရုပ်နှင့် အိုရီအွန်ဇာတ်ရုပ်တို့ဖြင့် MBCရုပ်သံလိုင်းက ချီးမြှင့်သော အကောင်းဆုံးစုံတွဲဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်လမ်းတွဲ တွင် ဇာတ်ကောင်နှစ်ဦးသည် ဇာတ်ညွှန်း၌မပါသော အကြင်နာပေးမှုဇာတ်ကွက်ကိုပင် တင်ဆက်ခဲ့၍ ပရိသတ်များကို ပွဲကျစေခဲ့ သည်။ Kill Me, Heal Me ဇာတ် လမ်းတွဲသည် ဒီဇင်ဘာ ၃၀ ရက် တွင် ကျင်းပပြုလုပ်သော MBC ရုပ်သံဆုပေးပွဲက ချီးမြှင့်သည့် ထူး ချွန်ဆုများစွာကို ဆွတ်ခူးခဲ့သည်။ ယင်းဇာတ်လမ်းတွဲ၏ ခေါင်းဆောင်မင်းသား ji sung သည် ယခုဆု ပေးပွဲက ချီးမြှင့်သော ဂုဏ်ရှိန် အကြီးဆုံးဖြစ်သည့် Daesang ဆုကိုလည်း ရရှိခဲ့သည်။

                          Dae-sang ဆုသည် တစ်နှစ်တာ အတွင်း သရုပ်ဆောင်အထူးချွန် ဆုံးဖြစ်သည့်သူအား ပေးအပ် သောဆုဖြစ်ပြီး ဂုဏ်သတင်းအ ကြီးဆုံးနှင့် နောက်ဆုံးမှပေးအပ် သည့်ဆုလဲ ဖြစ်ပါသည်။



Follow us on