2016 ရဲ့ ပထမဆုံးကိုရီးယားကျော်ကြားသူ ချစ်သူစုံတွဲ Junsu နဲ့ Hani
JYJ မှ Junsu နှင့် EXID မှ Hani တို့ ချစ်ကြိုက်နေကြောင်း နှစ်ဖက် အေဂျင်စီများက ဇန်နဝါရီ ၁ ရက်တွင် အတည်ပြုပေးခဲ့သည်။ 2016 ၏ ပထမဆုံးကိုရီးယား ကျော်ကြားသူစုံတွဲသတင်းကို ကိုရီးယား မီဒီယာ Dispatch က ဇန်နဝါရီ 1 ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းကေပေါ့ပ်အဆိုတော် နှစ်ဦး ချစ်ကြိုက်နေသည်မှာ 6 လခန့်ရှိပြီဟု Dispatch သတင်းက ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ပြီး နောက် အေဂျင်စီများ၏ အတည်ပြုချက်များ ထွက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် စီနီယာဂျူနီယာ ဆက်ဆံရေးမှတစ်ဆင့် ချစ်သူများဖြစ်လာခဲ့သည်ဟု အေဂျင်စီများက ပြောကြားခဲ့သည်။ ပရိသတ်များက ၎င်းတို့စုံတွဲကို ဆက်လက်အားပေးရန် အေဂျင်စီများက တိုက်တွန်းခဲ့သည်။
Junsu သည် ဇန်နဝါရီ 7 ရက်တွင် Dracula ပြဇာတ်၌ သီချင်းဆိုရန် အစီအစဉ်ရှိပြီး Hani သည် တေးအယ်လ်ဘမ် သစ်ထွက်ရှိရန် ပြင်ဆင်နေသည် ဟု KpopHerald သတင်းက ဖော် ပြခဲ့ပါသည်။